Playmining ဆိုတာကတော့ metaverse ထဲမှာအခြေခံတဲ့ Play-to-earn Gaming Platform တစ်ခုပါ Play-to-earn မလို့ အဲ့ဂိမ်းတွေကိုဆော့ရင် ဆော့တဲ့သူက ပိုက်ဆံရမှာဖြစ်ပါတယ် ဒီ Platform ကို Digital Entertainment Asset ကဖန်တီးပေးထားတာဖြစ်ပြီး သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ ဂိမ်းတွေပြီးအောင်ဆော့နိုင်ဖို့ ပိုက်ဆံနဲ့ Item တွေ လိုအပ်တာတွေ ဝယ်ခိုင်းတာထက် ဆော့သူတွေကို သူကပိုက်ဆံပြန်ပေးတာပါ

ပုံမှန်ဂိမ်းတွေက Free-to-play တွေဖြစ်ပေမဲ့ ဂိမ်းနိုင်အောင်ဆော့နိုင်ဖို့ကို ကစသူတွေက တကယ့်ပိုက်ဆံတွေနဲ့ In-game item တွေဝယ်ရပါတယ် ဝယ်ရင်းဝယ်ရင်းနဲ့ ပိုက်ဆံတွေ အများကြီး ပိုပိုသုံးမိပြီး အဲ့ပိုက်ဆံတွေကိုလည်း ပြန်ရမှာမဟုတ်ပါဘူး Playmining ကအဲ့ပုံစံကို ပြောင်းပြန်လှန်ပစ်ချင်တဲ့ သဘောပါ
ဘလော့ဂ်ချိန်းတွေ၊ Cryptocurrency တွေနဲ့ NFT တွေကို ခြေကုပ်ယူထားတဲ့ ဂိမ်းစနစ်ကိုဖန်တီးပြီး ကစားသူတွေကို ဆုလက်ဆောင်တွေ ပြန်ပေးပါတယ် ကစားသူတွေဟာ ဂိမ်းထဲက Activities တွေလိုက်လုပ်ရင်းနဲ့ NFT တွေရရှိမှာဖြစ်ပါတယ်

ဘလော့ဂ်ချိန်းစနစ်ကို အခြေခံထားတဲ့ NFT တွေကို Cryptocurrency တွေနဲ့ အရောင်းအဝယ်လုပ်လို့ရပြီး ရလာတဲ့ Cryptocurrency တွေကိုတော့ တကယ့်အပြင်ကပိုက်ဆံနဲ့ လဲလှယ်ရယူနိုင်ပါတယ်

Playmining ဟာ မေလ ၂၀၂၀ ခုနှစ်ကစတင်ထွက်ရှိလာပြီး ခုဆိုနာမည်ကြီး Play-to-earn NFT ဂိမ်းသုံးခုနဲ့ လည်ပတ်နေပါတယ် ကဒ်တွေ Trade ပြီး Battle တွေဆိုင်ရတဲ့ JobTribes ဂိမ်းဟာဆို လတိုင်းကစားသူပေါင်း လေးသောင်းအထက်မှာရှိပါတယ် တခြားနှစ်ခုကတော့ ပဟေဌိဂိမ်းဖြစ်တဲ့ PlayMining Puzzle×JobTribes နဲ့ အကြွေစေ့ပစ်ချတဲ့ဂိမ်း Lucky Farmer တို့ပါ

နိုင်ငံပေါင်း တစ်ရာကျော်က ကစားသူပေါင်း နှစ်သန်းကျော်ဟာ Playmining platform ပေါ်မှာရှိနေကြပြီလို့ သိရပါတယ် နောက်ဂိမ်းတွေထပ်ထုတ်ဦးမှာမလို့ ကစားသမားအရည်အတွက်က တိုးလာဦးမှာပါ ဟင်းချက်ရမဲ့ဂိမ်းဖြစ်တဲ့ Cookin' Burger ဟာဒီနွေဦးမှာရောက်ရှိလာမှာဖြစ်ပြီး အရောင်ခြယ်ကာ ကားမောင်းပြိုင်ရမဲ့ Graffiti Racer ကတော့ နွေရာသီမှာထွက်လာမှာဖြစ်ပါတယ်

DEA ရဲ့ PlayMining ကပိုက်ဆံရမဲ့ Game တွေပေါ်လာဖို့ ဖြစ်နိုင်တယ်ဆိုတာ သက်သေပြနေပါတယ် ဘလော့ဂ်ချိန်းနဲ့ ဆက်စပ်တာတွေဟာ ရှေ့လျှောက်တဖြည်းဖြည်း တိုးတက်လာဦးမှာဖြစ်တာကြောင့် ဒီလိုဂိမ်းတွေဟာလည်း တဖြည်းဖြည်း Gaming လောကမှာ နေရာကြီးကြီးမားမားယူလာမှာပါ