ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးသွားတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ Super Junior အဖွဲ့ဝင် Donghae

//s9.kh1.co/35/359f26a78428eab8b5903b0664592ad6ad83c1ea.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးသွားတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ Super Junior အဖွဲ့ဝင် Donghae

တောင်ကိုရီးယား ယောကျာ်းလေး အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Super Junior အဖွဲ့ဝင် Donghae ဟာ မကြာသေးမီက ဒူးခေါင်းအရေးပေါ်ခွဲစိတ်မှုလုပ်ထားရတဲ့သူဖြစ်ပါတယ်။ အရေးပေါ်ခွဲစိတ်မှုကြောင့် ပရိသတ်တွေအနေနဲ့လည်း Donghae ရဲ့ ခွဲစိတ်မှုအခြေအနေနဲ့ပတ်သတ်ပြီး စိတ်ပူနေကြပါတယ်။ ပရိသတ်တွေက စိတ်ပူပင်နေကြတာကြောင့် Donghae က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ခွဲစိတ်မှုအဆင်ပြေတဲ့အကြောင်းကို ဓာတ်ပုံလေးနဲ့တကွ အခုလိုလေး ဝေမျှပေးလာပါတယ်။

Google
Google

ဆုတောင်းပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ခွဲစိတ်မှုက အရမ်းကို အဆင်ပြေပြေပြီးသွားပါပြီ။ ကျွန်တော်လည်း ပြန်လည်သက်သာလာပါပြီ။ အားလုံးကို စင်ပေါ်မှာ ကောင်းမွန်တဲ့အခြေအနေနဲ့ထပ်ပြီးတွေ့ကြပါမယ်။”

Donghae 

ဆိုတဲ့ စာသားလေးနဲ့ အသဲ အီမိုဂျီလေးထည့်ပြီး ဖော်ပြပေးထားပါတယ်။

Instagram
Instagram

ဓာတ်ပုံထဲမှာဆိုရင် Donghae က လူနာဝတ်စုံနဲ့အိမ်ရာပေါ်မှာ လှဲလျောင်းနေတာဖြစ်ပါတယ်။ သူ့ရဲ့မျက်လုံးတွေက အားနည်းနေတဲ့ပုံစံဖြစ်နေပေမယ့် လက်ကတော့ အဆင်ပြေပါတယ်ဆိုတဲ့ အဓိပ္ပါယ် “V” သင်္ကေတလေး ပြုလုပ်ထားပါတယ်။

Google
Google

ဒူး ခွဲစိတ်ရတဲ့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့လည်း ခွဲစိတ်ရလောက်တဲ့ထိ ဆိုးဝါးမယ်မှန်း မသိပေမယ့် ဆရာဝန်က ခွဲစိတ်ဖို့ လိုအပ်တယ်လို့ပြောတာကြောင့် ခွဲစိတ်ဖြစ်ခဲ့တာဖြစ်ကြောင်း Donghae ကအင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံးဂရုစိုက်ပြီး အဖွဲ့ဝင်တွေအတွက်ရော ပရိသတ်တွေအတွက်ပါ တာဝန်ကျေတဲ့သူတစ်ယောက် ဖြစ်စေရမယ်လို့လည်း Donghae က ထပ်ဆောင်းပြောထားပါသေးတယ်။Donghae တစ်ယောက် အမြန်ဆုံး ပြန်လည်ကျန်းမာလာဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်နော်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T