ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာအသစ်တက်ပွဲမင်္ဂလာကို ခမ်းခမ်းနားနားနဲ့ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်များ

//s9.kh1.co/6e/6efadd1ad2bb4b558d7abbed23abc774d23f7634.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

မေမေခိုင်နှင်းဝေက ကျက်သရေရှိပြီး လှပနေတာပဲ ....

ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးတစ်လက်လို့ ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာကို ဦးစီးတည်ထောင်ပြီး မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။

Photo Credit : Khine Hnin Wai's Facebook Acc

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလေးလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေကခေါ်ယူမွေးစားထားတဲ့ ကလေးတွေ များလာတာကြောင့် မနှစ်က (၂၉) ရက် ဒီဇင်ဘာလကပဲ တောင်ဒဂုံဂေဟာသစ်ကြီးဆီကို ရွေ့ပြောင်းလာကြတာပဲ ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

ဒီကနေ့တော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ ဘုရားအနေကဇာတင်ခြင်းနှင့်ဂေဟာအသစ်တက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ "ဂေဟာ အသစ် တက်ပွဲလေးမှာ ကြွရောက်ပေးပါသော "မရှိခဏ " ဆရာတော် ဘုရားကြီး ၊ဦးဇင်း ဘီလူး နှင့် အနုပညာရှင် ညီ အစ်ကို မောင်နှမများ၊ အလှူရှင်များ အပါအဝင် လုပ်အားပေး ကူညီပေးကြသော ညီအစ်ကို မောင်နှမများ ၊စောင့်ရှောက်ပေးပါသော သက်ဆိုင်ရာ လူကြီးများ နှင့် ကျေးဇူး တင်ထိုက်သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်..လိုအပ်ချက်များ၊ လစ်ဟာမှုများ ရှိခဲ့ပါကလဲ နားလည် ခွင့်လွှတ်ပေးကြပါရှင်..

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

SOUL Foundation နဲ့ ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ စုပေါင်း ကုသိုလ်လေးများ ကြောင့် ရင်ခွင်မဲ့ ကလေးများ အားလုံး အတွက် လုံခြုံတဲ့ နေရာလေး တစ်ခုကို ဖန်တီးအကောင်းအထည်ဖော် နိုင်ခဲ့ပါပြီရှင်..??? " ဆိုပြီး သူမရဲ့ ဝမ်းသာပီတိဖြစ်နေတဲ့ အကြောင်းလေးကို ပြောပြလာတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခိုင်နှင်းဝေဂေဟာရဲ့ ဂေဟာအသစ်တက်ပွဲ အမှတ်တရပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source : Khine Hnin Wai's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T