အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိဖို့ ကြိုးစားလာခဲ့တဲ့အချိန် ဝေဖန်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကျော်ကျော်နန္ဒဟာ ယခုဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိလို့လာခဲ့ပြီ ဖြစ်ပါတယ်။ အရင်ကလို ဝတ်စားဆင်ယဥ်မှုတွေလည်း ပြောင်းလဲလာခဲ့ပြီး ဘဝကို ရိုးရှင်းစွာပဲ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒဟာ လောကဓံရဲ့ ရိုက်ခတ်မှုကြားမှာလည်း ဘယ်လိုအခြေအနေမျိုးတွေပဲ ဖြစ်ဖြစ် အကောင်းဆုံး ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ မှာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့လို့ ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူခံထားရတာကြောင့် ခဏတာ ရှောင်ပုန်းနေခဲ့ရပါသေးတယ်။ လက်ရှိမှာ အမှုကနေလွတ်မြောက်လာခဲ့ပြီးနောက် အနုပညာတွေကိုလည်း ပြန်လည်လုပ်နေတဲ့အပြင် တစ်ခါတလေ သမာအာစီဝကျတဲ့ အလုပ်ဟူသမျှကိုလည်း လုပ်ကိုင်လာတာ တွေ့ရပါတယ်။ ယခုမှာလည်း အရာအားလုံး ခက်ခဲနေတဲ့အချိန်လေးမှာ ဝမ်းရေးအတွက် ကြိုးစားနေရတဲ့ အခြေအနေလေးကို ဖော်ပြလာခဲ့ပါတယ်။


အလုပ်ဟူသမျှဂုဏ်ရှိတယ်ဆိုတဲ့ အတိုင်း အနုပညာအလုပ်တွေ မရှိသေးတဲ့အချိန်လေးမှာ ကျော်ကျောနန္ဒ ဟာ ဝမ်းစာအတွက် ကြိုးကြိုးစားစား စျေးရောင်းနေရရှာတာ ဖြစ်ပါတယ်။ ဝမ်းစာအတွက် ပြည်သူတွေမျက်စိမနောက်စေတဲ့နည်းနဲ့ ရိုးသာစွာရှာဖွေနေတဲ့ ကျော်ကျော်နန္ဒရဲ့ ပုံရိပ်တွေကတော့ ဂုဏ်ယူလေးစားစရာပါ။ ဘဝကို ရိုးသားစွာ ရုန်းကန်လှုပ်ရှားနေတဲ့ ကျော်ကျော်နန္ဒကို ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောပေးခဲ့ပါဦး။

သတင်း အရင်းအမြစ်៖ Source - Kyaw Kyaw Nanda