မင်းသားကြီး နေမျိုးအောင်ဟာ ဗီဒီယိုဇာတ်ကားပေါင်း များစွာ ရိုက်ကူးထားခဲ့ပြီး သဘာဝကျတဲ့ ဇာတ်ရုပ်တွေကြောင့် အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေပြီး ချစ်ရတဲ့ မိသားစုနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာတွေ့ရပါတယ်။ ဒါ့အပြင် ချစ်စရာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး အကြီးဆုံးသားလေး မင်းထိုက်ကလည်း အနုပညာနယ်ပယ်ထဲမှာတောင် စတင်အခြေချပြုလာပြီဖြစ်ပါတယ်။


နေမျိုးအောင်တို့ ဇနီးမောင်နှံနှစ်ဦးဟာ ဘာသာတရားအထူးကိုင်းရှိုင်းတဲ့ သူတွေဖြစ်တာနဲ့အညီ အလှူအတန်းတွေ လှူဒါန်းပေးရင်လည်း သဒ္ဒါတရားထက်သန်စွာ ရက်ရက်ရောရော လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၁၆) ရက်နေ့မှာလည်း နေမျိုးအောင်တို့ ဇနီးမောင်နှံဟာ တကယ့်ကို မွန်မြတ်လှတဲ့ အလှူလေးပြုလုပ်ခဲ့တာလေးကို ဖော်ပြလာတာ တွေ့ရပါတယ်။


ဒီအလှူလေးကတော့ အနုပညာမောင်နှမတွေဖြစ်တဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို သွားရောက်ပြီး လိုအပ်တဲ့နေရာမှာ အသုံးပြုဖို့အတွက် အလှူငွေ (၅) သိန်းလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ယခုလို ခက်ခဲနေကြရတဲ့အချိန်လေးမှာ ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေကနေ တတ်နိုင်သလောက် ကုသိုလ်ပြုခဲ့တာကတော့ တကယ့်ကို ကြည်နူးပီတိဖြစ်ရပါတယ်။ပရိသတ်တွေကလည်း ခိုင်နှင်းဝေ ရဲ့ မိဘမဲ့ဂေဟာမှာ အလှူလေးပြုလုပ်ခဲ့ကြတဲ့ နေမျိုးအောင်တို့ မိသားစုလေးကို ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်....။

သတင်း အရင်းအမြစ်៖ Source - Nay Myo Aung





