စုံထောက်ကြီး ရှားလော့ဟုမ်းရဲ့ ဇာတ်လမ်းအသစ်ကို မျှော်နေတဲ့ ပရိသတ်များ

//s9.kh1.co/df/df04518c9f8defc233e01c6e2285c722b42c1237.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

အင်္ဂလိပ်စာရေးဆရာ ဆာအာသာကိုနန်ဒွိုင်းရဲ့ စုံထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ ဇာတ်လမ်းဟာ ကမ္ဘာကျော် စုံထောက်ဝတ္ထုတွေပါ။ အောင်မြင်ကျော်ကြားခဲ့တဲ့ အဲဒီဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ်လည်း တင်ဆက်ခဲ့ကြဖူးပါတယ်။ ရှားလော့ဟုမ်းအကြောင်း ရိုက်တဲ့ ရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးက ဘီဘီစီက ရိုက်တဲ့ Sherlock ဇာတ်လမ်းတွဲပါပဲ။

https://s9.kh1.co/__image/w=300,h=300,q=100/5c/5c03227945ba35ce342774d8e5253e03834df356.jpg

စုစုပေါင်း အပိုင်း ၁၃ ပိုင်းရှိတဲ့ Sherlock ဇာတ်လမ်းတွဲကို ၂၀၁၀ ကနေ ၂၀၁၇ အထိ ရိုက်ကူးထုတ်လွှင့်ပြသခဲ့ပါတယ်။ စုံထောက်ကြီး ရှားလော့ဟုမ်းနေရာကနေ Benedict Cumberbatch က သရုပ်ဆောင်ပြီး ဒေါက်တာဝပ်ဆန်နေရာက Martin Freeman က ပါဝင်ထားပါတယ်။ ကြည့်ဖူးသလောက် ရှားလော့ ရုပ်ရှင်တွေထဲမှာတော့ ဒီ ၂ ယောက်ဟာ ဒီ ကာရိုက်တာတွေနဲ့ အလိုက်ဆုံးပါ။ အပေးအယူလည်း မျှတာကြောင့် ၂ ယောက်လုံးလည်း သရုပ်ဆောင်ထူးချွန်ဆုတွေ အများကြီး ရခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f4/f46d56538e6f4e49ca2cf0b1f9690ca7bd8976c2.jpg

ဒီနေ့ဟာ ရှားလော့ နောက်ဆုံးအပိုင်းထွက်တာ ၅ နှစ်ပြည့်ခဲ့ပြီမို့ ပရိသတ်တွေက အပိုင်းသစ်ကို မျှော်နေကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကတော့ ခုထိ ထပ်ရိုက်ဖို့ အစီအစဥ် မရှိသေးဘူးလို့ သိရပါတယ်။ လွမ်းလောက်စရာပါပဲ။ Benedict ရဲ့ ရုပ်ရည်သွင်ပြင်ဟာ ဇီဇာကြောင်တဲ့ လူတော်ကြီး ရှားလော့နဲ့ တစ်ထပ်တည်း ဖြစ်နေပြီး Martin က လည်း သဘောကောင်းကောင်း အူကြောင်ကြောင် လူကလေး တစ်ယောက်နဲ့ တကယ်တူပါတယ်။ သူတို့ ၂ ယောက်အတူတွဲပြီး အမှုတွေ ဖြေရှင်းတာ ကြည့်ချင်လှပါပြီ။ အပိုင်းသစ် မထွက်သေးတော့လည်း ထွက်ပြီးသား အပိုင်းတွေ ပြန်ကြည့်ရင်း အလွမ်းဖြေလိုက်ကြပါရှင်။

https://s9.kh1.co/__image/w=650,h=628,q=100/8a/8a65509882fc1cc7205e8164bf513f603daef24a.jpg
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T