ဇန်နဝါရီလ (၁၁) ရက် နေ့မှာတော့ Nine Naphat နဲ့ Baifern Pimchanok တို့ က သူတို့ ဇာတ်လမ်းတွဲသစ်လေး ဖြစ်တဲ့ “A Tale of Ylang Ylang” နဲ့ ပတ်သက်ပြီး အင်တာဗျုး တစ်ခုပြုလုပ်ခဲ့ကြပါတယ်။

ဒီ Interview ထဲမှာတော့ မေးမြန်းတဲ့သူတွေက ထုံးစံအတိုင်း သူတို့ နှစ်ယောက်ရဲ့ အခြေအနေလေးတွေကိုမေးမြန်းကြပါတယ်။ Naphat က "ကျွန်တော်တို့က တကယ် သူငယ်ချင်းတွေပါလို့" ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ နှစ်ယောက်လုံးက ချစ်ရတဲ့သူမရှိ single ဘဝနဲ့ ဖြတ်သန်းနေကြတာကြောင့် ပရိသတ်တွေက ship ပြီးဝိုင်းသဘောတူနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေတောင်မကပဲ အနုပညာရှင်တွေကပါ သဘောတူနေကြသလို နောက်ဆုံး Naphat နဲ့ အမေကပါ Baifern လေးနဲ့ အရမ်းကို သဘောတူနေပြီး နှစ်ယောက်သားကို ပံ့ပိုးနေကူညီနေတယ်လို့ သိရပါတယ်။


အဲ့ပွဲ့ရဲ့ Interview မှာ Naphat ရဲ့ အမေကလည်း တူတူရှိနေပြီး Baifern နဲ့ ချစ်သူတွေလားမေးမြန်းတဲ့ မေးခွန်းကိုအူလည်လည်လုပ်နေတဲ့ သားဖြစ်သူ နေရာမှာ "စိတ်မပူပါနဲ့ .. အန်တီလည်း နေ့တိုင်းတိုက်တွန်းနေတာပါ။ Baifern လေးကို လိုက်ပါလို့ အမြဲပြောနေပါတယ်လို့ ဝင်ဖြေသွားခဲ့ပါတယ်။

Source : Thai update