စစ်ဘေးရှောင် ပြည်သူတွေ အတွက် Covid Test Kit နဲ့ အစားအစာတွေအဓိက လှူဖြစ်တယ်ဆိုတဲ့ မအေးသောင်း

//s9.kh1.co/e6/e6efeab4e1cebe78a1b27ca0bf59e6d9cb9e0fc8.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

သူကိုယ်တိုင် နေလို့သိပ်မကောင်းတဲ့ ကြားက ပါဝင်လုပ်ဆောင်ပေးနေတာ ...

မော်ဒယ်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ အေးဝတ်ရည်သောင်းက ချောလဲချော၊ အသားအရည်လေးလဲ လှတဲ့အပြင် လူတိုင်းအားကျရလောက်တဲ့ ကိုယ်ခန္ဓာမျိုးနဲ့ အရပ်ကို ပိုင်ဆိုင်ထားကြတာကြောင့်အပြစ်ပြောစရာမလိုအောင် ပြည့်စုံနေသူလေး ဖြစ်ပါတယ်။

Photo Credit: Aye Thaung’s Facebook Acc
Photo Credit: Aye Thaung’s Facebook Acc
Photo Credit: Aye Thaung’s Facebook Acc
Photo Credit: Aye Thaung’s Facebook Acc

အေးသောင်းကတော့ အနုပညာလောက ကနေ ခနပျောက်သွားပြီး နောက်မှာတော့ မြန်မာဆန်ဆန်လေးနဲ့ လှပကျက်သရေရှိစွာနဲ့ ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေက ချစ်မြဲချစ်ဆဲပါပဲ။ လတ်တလောမှာတော့ မအေးသောင်းတစ်ယောက် ဘေးကင်းရာတစ်နေရာမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရပေမယ့်မယ့် လိုအပ်တဲ့နေရာတိုင်းကို ကူညီထောက်ပံ့ပေးနေဆဲ ဖြစ်ပါတယ်။ 

Photo Credit: Aye Thaung’s Facebook Acc
Photo Credit: Aye Thaung’s Facebook Acc

မကြာသေးခင်က မအေးသောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါလေးကတော့ "ကျမကိုယ်တိုင်တော့ ဒီရက်ပိုင်း

နေလို့သိပ်မကောင်းပါဘူးPhysically ရော Mentally ရောပေါ့။ ထားပါတော့ ကိုယ်ရေးကိုယ်တာကိစ္စဘာညာပေါ့။ 

တကယ်က ဘဝမှာအရေးကြီးတဲ့အရာတွေ 

ဦးစားပေးသင့်တဲ့အရာတွေက အသက်ပေါ်မူတည်ပြီးပြောင်းလဲတတ်ကြတာ ဒီရက်ပိုင်းပိုသတိထားမိလာတယ်။ 

သိတဲ့အတိုင်းပဲ ဒီရက်စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက်လည်းစိတ်မကောင်းဘူး။ သူတို့နေတဲ့မြို့လေးကနေ တခြားတနယ်တကျေးပြောင်းရတာ ဘယ်လွယ်ပါ့မလဲ။

Photo Credit: Aye Thaung’s Facebook Acc
Photo Credit: Aye Thaung’s Facebook Acc

ရိုးရိုးပြောင်းရွေ့ရတာလည်းမဟုတ်တော့ အေးအေးဆေးဆေးလိုတာလေးတွေစဉ်းစားပြီးကောက်ထည့်လို့ရတာလဲ

မဟုတ်တော့ လိုအပ်တာတွေအများကြီးရှိနေကြမှာပါပဲ။ 

လက်ခံပေးကြတဲ့မြို့ရွာ အသီးသီးကလည်း ကူညီကြတယ်လို့သိရတော့ပီတိဖြစ်ရတယ်။ ကျမကတော့ကျန်းမာရေးလည်းဂရုစိုက်စေချင်တာရယ်ကြောင့် 

Covid Test Kit တွေရယ် အစားအစာအတွက်အဓိကဖြစ်တဲ့ ဆန် ဆီ ဆား အာလူး ပေါ့ 

လှူနိုင်သလောက်လှူဖြစ်တယ်။ 

Photo Credit: Aye Thaung’s Facebook Acc
Photo Credit: Aye Thaung’s Facebook Acc

ပုံတွေဘာတွေကတော့လည်းတင်စရာမလိုပါဘူးလေ။ 

စစ်ဘေးရှောင်တဲ့အထဲမှာ ကိုယ့်ထက်ချမ်းသာတဲ့သူတွေတောင်အများကြီးပါပါတယ်။ ကိုယ့်ထက်ပညာတတ်တဲ့သူအသက်အရွယ်ကြီးတဲ့သူ။ ဘာပဲဖြစ်ဖြစ် 

ယဉ်ကျေးတဲ့လူ့ဘောင်အဖွဲ့အစည်းမှာ 

ကျမတို့တွေနေထိုင်တယ်။ 

အဓိကက တကယ်လိုအပ်တဲ့နေရာမှာ

ကျမလှူခွင့်ရချင်တယ် ဘဝက ခဏလေးပါ 

ပေးသောလက်ပဲ အမြဲဖြစ်ရပါလို၏ ???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Credit: Aye Thaung’s Facebook Acc
Photo Credit: Aye Thaung’s Facebook Acc

Source : Aye Thaung’s Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T