ကားအသစ်လေး မရတဲ့ အပြင် ရှိတဲ့ ကားပါ အသိမ်းခံရတော့မဲ့ အဖြစ်လေးကို ရင်ဖွင့်လာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/5d/5d78d2ada3749db700362932be4301be47efb2e5.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ချွေးနဲစာ စစ်စစ်နဲ့ စိုက်လျော်ဖြေရှင်းမယ်တဲ့ ....

ပရိသတ်အချစ်တော် ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ ပရဟိလုပ်ငန်းတွေကို ကိုယ်ကျိုး စွန့်ကာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက်လည်း အများကြီး ကြိုးစားသလို လိုအပ်တဲ့ နေရာတွေမှာလည်း ကူညီပေးတဲ့အပြင် ပရဟိတလေးတွေ လည်းလုပ်တတ်တာမို့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ပိုမိုများပြား လာခဲ့ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

မကြာသေးခင်က ခိုင်နှင်းဝေရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခုတင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အသင်းရဲ့ကားတွေကို လိမ်လည်ပြီး ပေါင်နှံထားတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေရတာ ဖြစ်ပါတယ်။ "လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ကျမရဲ့ အသင်းကား အပါအဝင် အခြားကား (အင်းစိန်မှ အသိအန်တီကြီးရဲ့ ကား) များအား လိမ်လည်ပြီး AYA Bank မှာ ပေါင်နှံထားတဲ့ အမှုများ နှင့် အခြား အမှုများအတွက် လိမ်လည်သူအား (၇.၄.၂၀၂၀ နေ့ မှ စ၍) တရားစွဲဆိုထားပြီးသော်လည်း (၂) နှစ်ပြည့်ခါနီး အထိ လာရောက်မဖြေရှင်းပဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ကျမရဲ့ အတိတ်ကံ အကြောင်းနှင့် ကျမရဲ့ အယုံလွယ် ပေါ့ဆမှု တစ်ခု အတွက် ( ကျမရဲ့ ချွေးနဲစာ စစ်စစ်များဖြင့် ) ကြားကစိုက်ရှင်းဘို့ အကြောင်းလေး ဖြစ်လာရပါတယ်..

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

ယနေ့ အချိန်ထိ သီးခံစောင့်ဆိုင်း နားလည်ပေးပါသော AYA Bank မှ တာဝန်ရှိ လူကြီးများ အားလုံးကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်..တစုံ တယောက်ကိုလဲ ထွက်ပြေး တိမ်းရှောင်ခြင်း မပြုပဲ လာရောက်ဖြေရှင်းဘို့ အတွက်လဲ တိုက်တွန်းပါတယ်..လာရောက်ဖြေရှင်းပါက တတ်နိုင်သလောက် ကူညီပေးဘ်ု့ိလဲ အကြိမ်ကြိမ် ပြောဆိုထားပေမဲ့ လုံးဝ မဆက်သွယ်လာသောကြောင့် ဒီစာလေးနဲ့ပဲ ထပ်မံ သတိပေးဖြစ်ပါတယ်..ကျမက နေပေမဲ့ အခြားခံရသူများက မနေပါဘူး..ဥပဒေကလဲ မနေပါဘူး..အားလုံး အဆင်ပြေအောင် လာရောက်ရှင်းလင်းစေချင်ပါတယ်..တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ အထိ စောင့်နေတာ အဖြေမဟုတ်ပါဘူး..ကျမ အနေ နဲ့ကတော့ ဘာမှ မတတ်နိုင်တော့ပဲ အချိန် တစ်ခု ရောက်ပီဆိုတဲ့ အကြောင်း စိတ်မကောင်းစွာပဲ တစုံ တယောက်ကို အသိပေး ပြောချင်ပါတော့တယ်ရှင်..."ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

Source: Khine Hnin Wai's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T