တော်လှန်ရေးနဲ့ ပတ်သက်ပြီး သူ့အမြင်လေးကို ဖွင့်ဟပြောဆိုလာတဲ့ မူးလာ

//s9.kh1.co/e9/e96f32da02aee2f38eba364cb8498de266f185f5.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တော်လှန်ရေးအတွက် ငြင်းဆန်နေရင် ....

ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အနုပညာလောကထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အဆိုတော်မူးလာကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc
Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc

အရေးတော်ပုံကြီးစတင်ခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သလို အခုအချိန်မှာလည်း လက်နက်ကိုင်ရင်း ပြည်သူတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc
Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc

မူးလာကတော့ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အချိန်မှာလည်း သီချင်းတွေရေးကာ သူ့ရဲ့အနုပညာအလုပ်တွေနဲ့ ပြည်သူတွေကို စိတ်ခွန်အားပေးတာတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc
Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc

ကျရာတာဝန်ကနေ အစွမ်းကုန်ကြိုးပါဝင်နေတဲ့ မူးလာဟာ ဒီနေ့မှာလည်း တော်လှန်ရေးနဲ့ ပတ်သက်ပြီး သူ့အမြင်လေးကို ဖွင့်ဟပြောဆိုလာပါတယ်။ "တော်လှန်ရေးမှာ ဂျီးများလို့မရဘူး

တော်လှန်ရေးမှာ မတတ်ဘူးဆိုပြီးငြင်းမရဘူး

တော်လှန်ရေးမှာ မလုပ်နိုင်ဘူးလည်းမရှိဘူး

Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc
Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc

အေးအတူ ပူအမျှ

တလှေထဲစီးတဲ့ ရဲဘော်များပဲ

တော်လှန်ရေးအတွက် ငြင်းဆန်နေရင်

မင်းလုပ်နေတာ တော်လှန်ရေးမဟုတ်သေးဘူး" ဆိုပြီး သူ့လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc
Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc

ပရိသတ်တွေကလည်း ကိုယ်ကျိုးစွန့်ကာ အားလုံးအတွက် အနစ်နာခံကြိုးစားတိုက်ပွဲဝင်ပေးနေကြတဲ့ အနုပညာရှင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေအားလုံးအတွက် ဘေးကင်းကြစေဖို့ ဆုတောင်းအားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc
Photo Credit : Saw Chris Mooler-မူးလာ's Facebook Acc

Source : Saw Chris Mooler-မူးလာ's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T