ပရိသတ်အချစ်တော် စန္ဒီမြင့်လွင်ကတော့ ချစ်ရတဲ့သူနဲ့ လက်ထက်ပြီး သမီးလေး ခင်လင်းထင်(ခ)ထရက်ရှာလေးနဲ့အတူ ပျော်ရွှင်စရာ မိသားစုလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး ထရက်ရှာလေးကတော့ ချစ်မွှေးပါပြီး ချစ်ဖို့ကောင်းလှတဲ့အပြင် (၂)နှစ်သမီးလို့ မထင်ရလောက်အောင်ကို တတ်လွန်း လှတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေး ဖြစ်နေခဲ့ရပါတယ်။


လိမ္မာရေခြားရှိတဲ့ ထရက်ရှာလေးကတော့ ဖေချစ်လေးဖြစ်ပြီး ဖေဖေအချစ်ပိုအောင်လည်း မကြာခဏဆိုသလို ဖေဖေ့ကို ကပ်ချွဲလေ့လည်းရှိပါတယ်။ ဒီတစ်ခါမှာလည်း သမီးလေး ထရက်ရှာကို ကိုယ်တိုင်ဆံပင်စည်းပေးနေတဲ့ ဖေဖေ့ ဗီဒီယိုလေးကိုရိုက်ပြီး မေမေစန္ဒီမြင့်လွင်က မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။


ဖေဖေ ဆံပင်စည်းပေးတာကို ငြိမ်ငြိမ်လေးနေနေတဲ့ ချစ်စရာကောင်းလှတဲ့ ထရက်ရှာလေးအကြောင်းကို " ပါးပါးဆံပင်စည်းပေးမယ်တဲ့ ?
Ps ထရက်ရှာ သူ့ပုံလေးတွေကြည့်ချင်တယ်ဆိုလို့ဆံပင်စည်းတုန်းလေးငြိမ်အောင်ခနပြရတာပါရှင် ပီးရင်ချက်ချင်းပြန်သိမ်းပါတယ် သိမ်းရင်လဲမငိုပါဘူးကြည်ကြည်ဖြူဖြူပဲပေးပါတယ်" ဆိုပြီး ပြောပြထားတာဖြစ်ပါတယ်။
Source : Sandy Myint Lwin's Facebook Acc