ထိုင်းနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင် မင်းသားမင်းသမီးတွေဟာ ဇာတ်လမ်းသစ်တွေကို အတူတွဲဖက်ရိုက်ကူးတိုင်း မပေါက်တဲ့ကားဆိုတာ မရှိပါဘူး။ သရုပ်ဆောင်တွေက အရည်အချင်းရှိကြပြီး တွဲဖက်သရုပ်ဆောင်ကြတာလည်း အရမ်းကို Chemistry မိလွန်းတာကြောင့် ပရိသတ်တွေကလည်း နောက်ထပ်ဇာတ်လမ်းသစ်တွေကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ Thai TV3 ဒရာမာ ဇာတ်လမ်းတွဲတွေမှာ အကြိမ်ပေါင်းများစွာ အတူတွဲ သရုပ်ဆောင်ဖူးတဲ့ စုံတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။
Alek Teeradetch and Nychaa Nuttanicha
သူတို့ နှစ်ဦးက ၂၀၁၅ ခုနှစ်က "Sapai Jao" ဆိုတဲ့ ဇာတ်ကားမှာတစ်ကြိမ်၊ ၂၀၁၈ ခုနှစ်က "Sanae Nang Ngiew" ဆိုတဲ့ ဇာတ်ကားမှာ တစ်ကြိမ် တူတူ တွဲဖက် သရုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၂၂၊ ဇန်နဝါရီ (၂၆) ရက်နေ့မှာ ထုတ်လွှင့်ပြသတော့မယ့် "Rivalry" ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို Alek နဲ့ Nychaa တို့က ၄ နှစ်ကြာမှာ ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Puen Khanin and Chippy Sirin
Puen နဲ့ Chippy တို့က "Sood Kaen Saen Ruk" ဇာတ်လမ်းထဲမှာ တွဲဖက်ညီစွာတူတူသရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ "Tiwa Sorn Dao" မှာ ပရိသတ်တွေ ရင်ထဲကိုရောက်အောင်ကို ထိထိမိမိသရုပ်ဆောင်ခဲ့ကြပြီး အခုလက်ရှိမှာလည်း "Love and Deception " ဇာတ်လမ်းလေးကို ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။
Pope Thanawat and Bella Ranee
သူတို့နှစ်ယောက်က "Love Destiny" ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ chemistry မိလွန်းတာကြောင့် လက်တွေ့ဘဝမှာပါ ပရိသတ်တွေ ship ခဲ့ရသည်ထိကို လိုက်ဖက်ညီလွန်းခဲ့တာပါ။ "Roy Leh Marnya" နဲ့ "Prom Likit" ထဲမှာလည်း တွဲဖက်သရုပ်ဆောင်ထားကြပါသေးတယ်။
Mark Prin and Kimmy Kimberley
လက်တွေ့ဘဝမှာ ပရိသတ်တွေက Idol Couple လို့တောင် သတ်မှတ်ထားတဲ့ Mark Prin နဲ့ Kimmy တို့က Drama တွေမှာလည်း ကြိမ်ဖန်များစွာ သရုပ်ဆောင်ခဲ့ကြပါတယ်။ 2011 ရိုက်ကူးခဲ့တဲ့ “3 Noom Nuer Tong” မှာ တစ်ကြိမ်၊ 2012 မှာ “Panyachon Kon Krua” နဲ့ 2013 မှာ“Ton Ruk Rim Rua”.တို့မှာ တူတူတွဲပြီးသရုပ်ဆောင်ခဲ့ကြသလို 2015 မှာ “Ab Ruk Online” နဲ့ နောက်ဆုံးအကြိမ်အဖြစ် “Kom Faek”. ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားခဲ့ကြပါတယ်။
Nadech Kugimiya and Yaya Urassaya
Nadech နဲ့ Ya Ya တို့အတွဲလေးကို လက်တွေ့ဘဝမှာ ပရိသတ်တွေက Gold Couple လို့တောင် သတ်မှတ်ထားကြပြီး သူတို့အတွဲလေးက ၂၀၁၀ နဲ့ ၂၀၁၈ ကြား ၈ နှစ်တာ အချိန်ကာလ အတွင်းမှာ ဇာတ်လမ်းတွဲပေါင်း ၆ ခု အထိ အတူတူ တွဲဖက်ခဲ့ကြပါတယ်။ ၇ ကြိမ်မြောက်အဖြစ် "Lai Kinaree" ဆိုတဲ့ နန်းတွင်းဇာတ်လမ်းလေးကို လက်ရှိမှာ ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။
Source : Thai Update