Among Us ကိုဂျပန်ရုပ်ပြ Manga အနေနဲ့မြင်ရမယ်

//s9.kh1.co/b9/b90d8303d08a3ae5939c57e3e5c9a9666023b119.jpg
E-Sports

 ១៤-មករា-២០២២ ១១ព្រឹក · ៥ ឆ្នាំមុន

Manga တွေစုထုတ်ပေးတဲ့ မဂ္ဂဇင်းကထုတ်မှာဖြစ်ပြီး ဖေဖော်ဝါရီလမှာ ထွက်ရှိမှာပါ

လွန်ခဲ့တဲ့နှစ်နှစ်လောက်က တစ်ကမ္ဘာလုံးမှာ အရမ်းနာမည်ကြီးခဲ့ပြီး မြန်မာပြည်မှာပါ လူငယ်တော်တော်များများ ဆော့ခဲ့ကြတဲ့ Among Us ဂိမ်းကို ဂျပန် Manga မဂ္ဂဇင်းတစ်ခုကနေ Manga ထုတ်ပေးတော့မှာပါ Bessatsu Cororo မဂ္ဂဇင်းကထုတ်မှာဖြစ်ပါတယ် Manga ဆိုတာက ဂျပန်ရုပ်ပြကာတွန်းစာအုပ်တွေကိုပြောတာပါ တော်တော်များများနာမည်ကြီးတဲ့ Anime ဇာတ်လမ်းတွေ၊ဇာတ်ကားတွေအားလုံးနီးပါးဟာ မန်းဂတွေကိုပြန်ရိုက်ထားတာဖြစ်ပါတယ်

နာမည်ကြီး Manga များ (credit:Japan Web Magazine)
နာမည်ကြီး Manga များ (credit:Japan Web Magazine)

ဒီမဂ္ဂဇင်းဟာ မူလတန်းကလေးငယ်တွေအတွက် အရုပ်တွေ၊ဂိမ်းတွေ၊Anime ဇာတ်လမ်းတွေအပေါ်‌ အခြေခံပြီး မန်းဂတွေထုတ်ပေး‌နေတာဖြစ်ပါတယ် လောလောဆယ် Among Us ကို VR အတွက်ထုတ်လုပ်ပေးခဲ့တာလည်း အောင်မြင်ခဲ့ပါသေးတယ် မဂ္ဂဇင်းထုတ်မဲ့ရက်ကိုပဲ သေချာသိရသေးဘူး ဘယ်သူကဆွဲမလဲ တစ်ခါတည်းအပြီးပြတ်မဲ့ issue ထုတ်မလား အပိုင်းဆက်တွေနဲ့ဖတ်ရမဲ့ဟာဖြစ်မလားဆိုတာတွေ မသိရသေးပါဘူး 

Bessatsu Corocoro မဂ္ဂဇင်း issue #202012 (credit:Comic Vine)
Bessatsu Corocoro မဂ္ဂဇင်း issue #202012 (credit:Comic Vine)

အာကာသယာဉ်ပေါ်က Crewmate တွေကြားမှာ ပါလာတဲ့ imposter တစ်ကောင်ကို Task တွေပြုလုပ်ရင်းလိုက်ရှာရမှာဖြစ်ပြီး အဲ့ဒီ Imposter လိုက်သတ်တာကိုလည်း ရှောင်ရှားရမှာပါ Imposter ကလည်း Crewmate တွေမရိပ်မိအောင် ပုန်းလျှိုးကွယ်လျှိုးနဲ့လှုပ်ရှားရမှာပါ မိသားစုလိုက်ဖြစ်စေ သူငယ်ချင်းတွေအုပ်စုလိုက်ဖြစ်စေ ဆော့ကစားနိုင်မဲ့ ပါတီဂိမ်းကောင်းလေးပါ 

Among Us (creid:Innersloth)
Among Us (creid:Innersloth)

ဒီဂိမ်းရဲ့ကချစ်ဖို့ကောင်း ပျော်ဖို့ကောင်းတယ်ဆိုပေမဲ့ အားလုံးသိကြတဲ့အတိုင်း အာကာသယာဉ်တစ်စီးပေါ်မှာ ဂြိုလ်သားတစ်ကောင်က လူတွေကိုလိုက်သတ်တာမလို့ ဇာတ်လမ်းကနည်းနည်း Dark ပါတယ် ကလေးတွေအတွက်ဆိုတော့ ဘယ်လိုဇာတ်လမ်းလာဦးမလဲ ခန့်မှန်းမရပါဘူး ဇာတ်လမ်းက ရှည်ရှည်ဝေးဝေး ဘာမှသိပ်မရှိတာမလို့ issue တစ်ခုတည်းထုတ်မဲ့ မန်းဂလို့တော့ ထင်ရပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T