ခိုင်နှင်ဝေး ရင်သွေးလေးများအတွက် မွေးနေ့အမှတ်တရ လှူဒါန်းလိုက်တဲ့ အဆိုတော်ရဲလေး

//s9.kh1.co/16/165c84632b7ee12e1e4ffefc681eaf0d25fbb53e.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

အဆိုတော် သရုပ်ဆောင် ရဲလေးဟာ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ၃၈ နှစ်ပြည့်သွားခဲ့ပါတယ်။ မွေးနေ့အမှတ်တရကျင်းပပွဲတွေ မပြုလုပ်ခဲ့ပေမဲ့ အဓိပ္ပာယ်ရှိတဲ့ အလှူဒါနတစ်ခုပြုခဲ့ပါတယ်။

Khine Hnin Wai facebook
Khine Hnin Wai facebook

အဲဒါကတော့ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာကို မွေးနေ့အမှတ်တရ ၁၅၀၀၀၀ ကျပ် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကို ဂေဟာရဲ့ တရားဝင် facebook မှာ မျှဝေခဲ့ပြီး မင်းသမီး ခိုင်နှင်းဝေကိုယ်တိုင်လည်း မွေးနေ့မှာ ပျော်ရွှင်စေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။

Ye Tun Min facebook
Ye Tun Min facebook

 ဒီနှစ်နဲ့ဆို ကလေးတွေအတွက် လှူတာ ၃ နှစ်ဆက်တိုက်ရှိပြီလို့ သိရပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T