ပြည်ပနိုင်ငံမှာနေထိုင်ရင်း Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတယ် ဆိုတဲ့ ယွန်းဝတီလွင်မိုး

//s9.kh1.co/fa/fa94a3425b6df65007ddd0a62d1623835398f3aa.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

အရေးပေါ်အခန်းထဲမှာတောင် ဆေးကုသမှုခံယူခဲ့ရတာ‌တဲ့

အကယ်ဒမီ မင်းသားချောကြီး လွင်မိုးရဲ့သမီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ သာယာ‌ချမ်းမြေ့ဖွယ် မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသားငယ်လေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက် (ခေါ်) Liamလေးဟာ လုံးလုံးကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းအောင် ချစ်မွှေးပါသူလေးပါ။

Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc

ယွန်းဝတီလွင်မိုးကတော့အခုလက်ရှိမှာဆိုရင် ခင်ပွန်းဖြစ်သူနဲ့အတူ ဩစတြေးလျမှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးကတော့ မကြာသေးခင်က သူမရဲ့ Instagram လူမှုကွန်ရက်တွင် သတင်းလေးတစ်ခု ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc

ဒါကတော့ ဆိုးရွားလှတဲ့ ကိုဗစ်ရောဂါကူးစက်မှုကြောင့် အရေးပေါ်အခန်းထဲမှာ ဆေးကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ “Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး သုံးရက်မြောက်နေ့မှာပဲ အရေးပေါ်ရောက်တဲ့အထိဖြစ်ခဲ့တယ်။ အိပ်ယာထဲတစ်ပတ်ကျော်ကြာ အနားယူခဲ့ရပြီး အခုဆိုရင် ကျွန်မမှာ ရောဂါပိုးကင်းစင်ပြီး Negative ဖြစ်သွားပါပြီ” လို့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Yun Waddy's IG Story
Photo Credit : Yun Waddy's IG Story
Photo Credit : Yun Waddy's IG Story
Photo Credit : Yun Waddy's IG Story

ပြည်ပနိုင်ငံတွေမှာလည်း ကိုဗစ်မျိုးကွဲသစ်ဖြစ်တဲ့ အိုမီခရွန်ပိုးဟာ ပြန့်နှံ့နေဆဲ ဖြစ်တာကြောင့် ယွန်းဝတီလွင်မိုးကို ပရိသတ်တွေက စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးလေးတစ်ယောက် လက်ရှိ ခံစားနေရတဲ့ နောက်ဆက်တွဲ ဝေဒနာတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ။

Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc
Photo Credit : Yun Waddy's Facebook Acc

Source: Yun Waddy's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T