ဟာသလူရွှင်တော်ပိုးလေးကတော့ လက်ရှိမှာ သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ တောတွင်းတစ်နေရာကို ရောက်ရှိနေပြီး တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေထဲ အဆင်မပြေမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကြားမှာ နေထိုင်နေရပေမယ့် ပြင်းထန်တဲ့ ဆန္ဒတွေကတော့ သူ့အတွက် ခွန်အားဖြစ်စေခဲ့ပါတယ်။


ပိုးလေးဟာ ဟာသလူရွှင်တော် တစ်ဦးဖြစ်တာနဲ့အညီ တောထဲကိုရောက်ရှိနေတဲ့အချိန်လေးမှာတောင် ပြည်သူတွေအတွက် သူတတ်နိုင်တဲ့ အနုပညာလေးတွေကို အဖွဲ့သားတွေနဲ့အတူ ဖန်တီးပြီး မကြာခဏ ဖျော်ဖြေပေးကြတာ တွေ့ရပါတယ်။ အားလပ်ချိန်တိုင်း ဝါသနာပါရာလေးတွေ လုပ်ရင်း ခက်ခဲစွာနေထိုင်စားသောက်ရတာတွေလည်း ချစ်တဲ့သူတွေကို မကြာခဏ ဖော်ပြပေးပါတယ်။





ယခုမှာလည်း ပိုးလေးက သူတို့အဖွဲ့တွေခိုလှုံနေထိုင်တဲ့ဆီမှာ ချစ်စရာနေရာလေးတစ်ခုကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။ ဒီနေရာလေးဟာ PDFရဲဘော်တွေ ဖန်တီး ဖွင့်လှစ်ထားတဲ့ "နတ်ကျောင်း"လေးဖြစ်ပြီး အဲ့ဒီနေရာလေးမှာ ရဲဘောတွေ ရေးဆွဲ သီးကုံးထားတဲ့ ပန်းချီ ၊ ကဗျာ၊ စာပေ စတဲ့ အနုပညာရသတွေ ပြည့်ညပ်နေတာ တွေ့ရပါတယ်။ နေချင်စရာ အလွန်အေးချမ်းတဲ့ ဒီနေရာလေးကို ပြည်သူတွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်။ ဒီနေရာလေးကို ပရိသတ်တွေလည်း မြင်တွေနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။





သတင်း အရင်းအမြစ်៖ Source - Poe Lay