Temptation of a Wife နဲ့ The World of Married လို အိမ်ထောင်ရေးဇာတ်လမ်းတွေ ကြိုက်တဲ့ ပရိသတ်တွေအတွက် ၂၀၂၂ မှာ ကြည့်ပြီး လောင်ရမယ့် ကိုရီးယားကားက "Show Window : The Queen's House" ဖြစ်ပါတယ်။ ဝါရင့်မင်းသမီးကြီး ဆောင်းယွန်းအာနဲ့ အပြိုင် သရုပ်ဆောင်ထားတာက Running Man ထဲက အငယ်မလေး ဂျောင်ဆိုမင်း ဖြစ်ပါတယ်။

လတ်တလော နာမည်အကြီးဆုံး မင်းသား မင်းသမီးအငယ်တွေ မပါပေမဲ့ ဇာတ်လမ်းကြည့်ရှုသူ ၈.၃၆၆ ရာခိုင်နှုန်း ရရှိပြီး Channel A အတွက် အမြင့်ဆုံးစံချိန်ချိုးလိုက်တာပါ။

ဇာတ်လမ်းက အဆန်းကြီး မဟုတ်ပေမဲ့ သရုပ်ဆောင်တွေ ကောင်းလွန်းတာရယ် ဆောင်းယွန်းအာရဲ့ ဝတ်စုံဒီဇိုင်းတွေကြည့်ရတာရယ်နဲ့တင် တော်တော်တန်နေပြီလို့ ပြောရမယ်ထင်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသားနဲ့ ဖောက်ပြန်တဲ့ အငယ်အနှောင်းနေရာက သရုပ်ဆောင်ထားတဲ့ ဂျောင်ဆိုမင်းကိုတော့ မမြင်ချင်လောက်အောင် ဗီလိန်နေရာက အပီအပြင် သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။ စုစုပေါင်း အပိုင်း ၁၆ ပိုင်းရှိပြီး လောလောဆယ် ၁၂ပိုင်းပဲ ထွက်ရပါသေးတယ်။ အားပေးချင်တဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
Ref : https://www.soompi.com/article/1507844wpp/show-window-the-queens-house-remains-no-1-in-ratings-ghost-doctor-sets-new-personal-best