အဆိုတော်အာဇာနည်ကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးမှာ ချစ်စရာကောင်းတဲ့ဇနီးဖြစ်သူနဲ့ သားသား မီးမီးကိုပါ ပိုင်ဆိုင်ထားပြီးအေးချမ်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ အာဇာနည်က ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး တေးသီချင်းလောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။


အာဇာနည်ကတော့ ချစ်စရာသားလေးနှစ်ယောက်နဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး မိသားစု(၅)ယောက်က အရမ်းနွေးထွေးလှပါတယ်။ ဖစ်ဖစ်တုန်၊ ချစ်ချစ်တုန်၊ မစ်မစ်တုန်လို့ ချစ်စရာနာမည်လေးတွေပေးထားပြီး သုံးယောက်လုံးက ချစ်မွှေးပါတဲ့ကလေးလေးတွေဖြစ်ပါတယ်။ သားကြီးလေး ဖစ်ဖစ်တုန်ကတော့ ထူးချွန်ထက်မြက်ပြီး သိပ်လိမ္မာတဲ့သားကြီးလေးတစ်ယောက်ပါ။ ချစ်ချစ်တုန်ကတော့ မျက်နှာဝိုင်းဝိုင်းလေးနဲ့ အရမ်းချစ်စရာကောင်းသလို သမီးငယ်လေး မစ်မစ်ကလေးလည်း ချစ်မွှေးလေးနဲ့ တွေ့မြင်တဲ့သူတိုင်းကချစ်ကြပါတယ်။


အခုဆိုရင်တော့ သားလတ်လေး ချစ်ချစ်တုန်လေးရဲ့ (၄) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး R ဇာနည်က သူ့ရဲ့သားငယ်လေးကို " Happy Birthday ?????????❤️? သားလေး ချစ်ချစ် အသက်ရှည် ကျန်းမာချမ်းသာပြီး ဘိုးဘွား မိဘ ဦးဦးဒေါ်ဒေါ် ဆရာသမား ကိုကိုမမ များကို ရိုသေကိုင်းရှိုင်းပြီး လိမ္မာရေးချားရှိတဲ့ သားကောင်းရတနာလေး ဖြစ်ပါစေဗျာ" ဆိုပြီး မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးထားတာ ဖြစ်ပါတယ်။



Source : Zarni Myonyunt's Facebook Acc