ထိုင်မင်းသားချောလေး Mark Prin က ထိုင်းနိုင်ငံမှာသာမက အာရှတစ်ဝှမ်းမှာလဲ နာမည်ကြီးရေပန်းစားတဲ့ မင်းသားတစ်ဦးပါ။ မင်းသားချော P'Mark ရဲ့ ချစ်သူကောင်မလေး Kimmy Kimberley ဟာဆိုရင်လည်း ထိပ်တန်း မင်းသမီးချော တစ်ယောက်ဖြစ်ပြီး သူတို့စုံတွဲလေးဟာ လိုက်ဖက်လွန်းလှပြီး ပရိတ်သတ်တွေက Gold Couple လို့တောင် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

သူတို့အတွဲလေးက New Year အားလပ်ရက်တုန်းကလည်း Krabi မှာ အတူပျော်ရွှင်စွာ ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ချစ်သူ သက်တမ်း (၈) နှစ်ကျော် လက်တွဲထားတဲ့ သူတို့ နှစ်ဉီးဟာ အချိန်တွေကြာလာတာနဲ့ အမျှ နားလည်မှုရှိစွာ အချစ်တွေ ပိုတိုးနေကြတာလည်း ဖြစ်ပါတယ်နော်။


P'Mark တို့စုံတွဲလေးက Bkk ခွန်ဖော့နဲ့ ခွန်မယ့် ကို Dinner လိုက်ကျွေးပြီး မိသားစုကို အချိန်ပေးနေတာလည်း ဖြစ်ပါတယ်။ မိသားစုတွေ Dinner စားနေတဲ့ပုံရိပ်လေးတွေကို Instagram မှာ မျှဝေထားတာဖြစ်ပါတယ်။ ကြည့်နူးစရာမိသားစုပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။



Source : 'Mark Prin s IG Acc