ပရိသတ်နဲ့ လပေါင်းများစွာ ဝေးကွာနေပြီးနောက် နှစ်သစ်မှာ ပထမဆုံးပုံလေး ချပြလာတဲ့ ဖွေးဖွေး

//s9.kh1.co/cf/cf81a06d3baa0e5f7e99b87f56e3e894eaa1797b.jpg
အနုပညာရှင်များ

 ၁၁-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ဖွေးစိန်လေးကတော့ (၂၀၂၂) ခုနှစ်ကို လှပခြင်းတွေနဲ့ စတင်ခဲ့ပြီ ...

သရုပ်ဆောင် ဖွေးဖွေးကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့ အတူကျရာ ဇာတ်ကောင်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောပဲဖြစ်ပါတယ်။

Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 

ဖွေးဖွေးက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းပါဝင်ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။

Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလကတည်းက အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးနောက် (၅၀၅) ကနဲ့လည်း တရားစွဲဆိုခံခဲ့ရတဲ့ ဖွေးစိန်လေးက ပရိသတ်တွေနဲ့ အနည်းငယ် ဝေးကွာသွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 
Photo Credit : Phway Phway's Facebook Acc 

ဒါပေမယ့် ဒီကနေ့မှာတော့ ဖွေးစိန်က သူမရဲ့ နှစ်သစ်၊ လူသစ်၊ စိတ်သစ်ဖြစ်နေတဲ့ ပုံရိပ်လေးနဲ့ကို

"Started this year By accepting the Fact that “Phway” is Gone…??

2022 is to find The-Better-Version of New self ..

But for now I am Gone.." ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေဆီချပြခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Shwe YeeKo Oo's Facebook Acc
Photo Credit : Shwe YeeKo Oo's Facebook Acc

Source: Shwe YeeKo Oo's Facebook Acc 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T