သရုပ်ဆောင် ထူးခန့်ကျော် ဟာ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့တိုင်ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်တလောမှာတော့ အနုပညာအလုပ်တွေထက် သူတတ်မြောက်ထားတဲ့ ဆေးပညာရပ်တွေနဲ့ အရိုး၊အကြော ဝေဒနာခံစားရတဲ့ ခုနှစ်သားသမီးတွေကို ကယ်တင်ကုသပေးကာ တိုင်းရင်းဆေးဆရာတစ်ယောက်အနေနဲ့ ဘဝကိုဖြတ်သန်းနေတာ ဖြစ်ပါတယ်။


ဆေးကုသပေးရင်လည်း လူမျိုးဘာသာ ၊ ဆင်းရဲချမ်းသာမရွေး စေတနာ၊ မေတ္တာထားပြီး ငွေကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ကုသပေးနေတာ ဖြစ်ပါတယ်။ နေ့စဥ်လာရောက်ကုသမှုခံသူများလည်း ရာနဲ့ချီရှိပြီး အဆိုပါထဲမှာ အနုပညာမောင်နုမတွေလည်း ယုံယုံကြည်ကြည်နဲ့ လာရောက်ကုသကြတာ တွေ့ရပါတယ်။ ယခုမှာလည်း သူ့ဆီမှာ သရုပ်ဆောင် ဇော်ဝင်းနိုင် တစ်ယောက် လာရောက်ကုသခဲ့တဲ့ အကြောင်းကို ဖော်ပြလာတာတွေ့ရပါတယ်။

ညီအစ်ကိုအရင်းပမာ အနုပညာအလုပ်တွေ အတူတူလုပ်ကိုင်လာတဲ့ သူဖြစ်တာကြောင့် မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့တဲ့အခါ ထူးခန့်ကျော်က အံ့သြဝမ်းသာခဲ့ရပါတယ်။ ထူးခန့်ကျော် ရဲ့ လူမှုကွန်ရက်မှာတော့ "ကျွန်တော်ဆေးကုပေးတုန်းက ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်ဟာသမင်းသားကြီးကိုဇော်ဝင်းနိုင် အခုများပြန်လည်တွေ့ဆုံတော့ ဘိုးတော်ကြီးဖြစ်နေပြီဗျာ အော်....လောက လောက အင်မတန်သြအံ့ဖို့ကောင်းလိုက်တာနော်.." ဆိုပြီ ရေးသားထားတာ ဖြစ်ပါတယ်။ ထူးခန့်ကျော်တို့ အနုပညာညီအစ်ကို နှစ်ယောက် ပြန်လည်တွေ့ဆုံခဲ့တဲ့ အခိုက်အတန့်ကတော့ မြင်ရသူအဖို့ ကြည်နူးစေခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - Htoo Khant Kyaw