ထပ်ဆင့်အကယ်ဒမီ နိုင်ငံကျော်သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ နှစ်ပေါင်းများစွာတိုင် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားသူလေးဖြစ်ပြီး ယနေ့ထက်တိုင် ချစ်ခင်လေးစားအားပေးနေရတဲ့ အနုပညာတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဝါရင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဟိတ်ဟန်မရှိဘဲ ပျော်ရွှင်ပွင့်လင်းစွာ နေထိုင်သူလေးလဲ ဖြစ်တာကြောင့် အနုပညာမောင်နှမတွေကပါ ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်။


ကျရာ ဇာတ်ရုပ်ပေါင်းများစွာကို သရုပ်ဆောင်ရင်း ပရိသတ်တွေကို ခံစးမှုရသပေါင်းများစွာကို ပေးနိုင်တဲ့ မခိုင်လေးကတော့ လက်ရှိအချိန်ထိကို အလှတရားတွေမပျက်ဆီးသေးပဲ နုပျိုဆဲပါပဲ။ လူငယ်တွေတောင်လိုက်လို့မမှီအောင် နုပျိုလှပတဲ့ မခိုင်လေးက ဒီကနေ့မှာလည်း သူမရဲ့ ခန္ဓာကိုယ်ပျော့ပျောင်းပုံကို ပရိသတ်တွေအတွက် ဝေမျှပေးလာခဲ့ပါတယ်။


ခိုင်သင်းကြည်ဟာ အခုဆိုရင် အသက် (၅၀) အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အရွယ်တင်နုပျိုနေဆဲ ဖြစ်တဲ့သူမရဲ့ အလှပုံရိပ်လေးတွေကတော့ မိန်းမသားတိုင်းကို အားကျစရာလေး ဖြစ်နေစေပါတယ်။ မခိုင်လေးတစ်ယောက် ဘယ်လောက်တောင် ခန္ဓာကိုယ်ပျော့ပျောင်းပြီး နုပျိုလန်းဆန်းနေလဲဆိုတာကို ပုံလေးတွေမှာ ကြည့်လိုက်ကြဦးနော်။






Source: KHINE THIN KYI’s fb Acc





