မမအွန်စောရဲ့ ဇာတ်သိမ်းလှခဲ့တဲ့ ဒရာမာ "Now We are Breaking Up"

//s9.kh1.co/fe/fe9cb10caba33167115dd39d071fef152205828a.jpg
အနုပညာရှင်များ

 ၀၉-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးလို့ ပြောရလောက်အောင်ကို အသက် ၃၀ အောက် မောင်လေးတွေနဲ့ချည်း ဇာတ်လမ်းတွေ တွဲရိုက်ပြနေတဲ့ အွန်စောရဲ့ နောက်ဆုံးထွက်ထားတဲ့ Now We Are Breaking Up ကတော့ ဇန်နဝါရီ ၈ ရက်မှာ ဇာတ်သိမ်းခဲ့ပါပြီ။

https://s9.kh1.co/__image/w=650,h=650,q=100/7a/7ac6749fd0d5c72ecf47eccb9ebd7ef89b81c864.jpg

နိုဝင်ဘာမှာ စတင် ပြသခဲ့ပြီး အပိုင်း ၁၆ ပိုင်း ပါဝင်ပါတယ်။ အွန်စော တစ်ဖြစ်လဲ မင်းသမီး ဆောင်းဟေကျို ဟာ အသက် ၄၀ ရှိပြီး တွဲဖက်သရုပ်ဆောင်တဲ့ ဂျန်ကီယွန်းက ၂၉ နှစ်သာ ရှိပါသေးတယ်။ အွန်စောဟာ အရင်တစ်ကားဖြစ်တဲ့ "Encounter" မှာလည်း အသက် ၂၈ သာ ရှိသေးတဲ့ ပတ်ဘိုဂန်းနဲ့ တွဲသရုပ်ဆောင်ခဲ့တာပါ။ ကောင်လေးငယ်ငယ်လေးတွေနဲ့ပဲ တွဲရိုက်နေပြီး chemistry မမိဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ ဒီတစ်ခါ Now - Breaking Up ကတော့ ဇာတ်သိမ်းမှာ ကြည့်ရှုသူ များပြားခဲ့​တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=590,h=330,q=100/8e/8e3c2926587d7d29d96414ebf8cd6b4411e8142a.jpg

ဇာတ်သိမ်းပိုင်းမှာ ဒရာမာတစ်ကားလုံးရဲ့ အမြင့်ဆုံး ကြည့်ရှုသူနှုန်း ၆.၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး စနေနေ့မှာ အသက် ၂၀ က ၄၉ အတွင်း ပရိသတ်တွေကြား လူကြည့်အများဆုံး ဒရာမာလို့ Nielson Korea က ကြေညာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=364,q=100/1e/1e5ef52d7125d76202c96c56335c76fb32f41212.jpg

ဇာတ်လမ်း မထွက်ခင်က အသက်ကွာတဲ့ စုံတွဲရယ်၊ နုဖက်လှပတဲ့ အွန်စောရယ်၊ အသက် ၁၉ နှစ်အထက်သာ ကြည့်ရန်ဆိုပြီး ကြေညာထားတာတွေရယ်ကြောင့် စိတ်ဝင်စားမှု များပြားခဲ့ပေမဲ့ တကယ်ထွက်လာချိန်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ Red Sleeve နဲ့ Snowdrop ကြောင့် ထင်သလောက် မအောင်မြင်ဘူး ဖြစ်သွားခဲ့ရပါတယ်။ အွန်စောတစ်ယောက် နောက်တစ်ခါ ဘယ်လို ဇာတ်လမ်းမျိုး ရိုက်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

https://s9.kh1.co/__image/w=650,h=764,q=100/5e/5ed4b3ac5969b7587ef6886f631b221f7323db04.jpg

All photos credit to Google

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T