အားလပ်ရက်လေးတွေမှာ ခရီးတွေအတူတူထွက်ပြီး ချစ်သူလေးတွေနဲ့ အချိန်လေးတွေကုန်ဆုံးနေကြတဲ့ ထိုင်းအနုပညာရှင် စုံတွဲများ

//s9.kh1.co/2c/2c0e899db51c3d734117c71ed89cb4edf712690b.jpg
အနုပညာရှင်များ

 ၀၈-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ထိုင်းအနုပညာရှင်တွေများ ချစ်တတ်လိုက်ကြတာ ...

နာမည်ကြီးထိုင်းအနုပညာရှင် စုံတွဲတော်တော်များများက သူတို့ရဲ့အချစ်ရေးတွေကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြလေ့ရှိပါတယ်။ ပရိသတ်တွေကလည်း စုံတွဲလိုက် အားပေး ချစ်ခင်ကြသလို Gold Couple, Idol Couple ဆိုပြီးတော့တောင် သတ်မှတ်ထားကြပါသေးတယ်။

သူတို့တွေကလည်း ချစ်သူသက်တမ်းနှစ်ပတ်လည်နေ့တွေ၊ မွေးနေ့တွေ၊ နှစ်သစ်ကူးအားလပ်ရက်တွေမှာ သူတို့ချစ်ရတဲ့ သူလေးတွေနဲ့ အတူတကွ ပျော်ရွှင်ဖွယ်အချိန်လေးတွေကို ဖန်းတီးကြပြီး ပရိသတ်တွေအားကြအောင် အမြဲတမ်း Ro ပြနေတဲ့သူလေးတွေ ဖြစ်ပါတယ်။ ဒီနှစ် နှစ်သစ်ကူးမှာလည်း ထိုင်းမင်းသား၊ မင်းသမီး စုံတွဲ တော်တော်များများဟာ တခြားနိုင်ငံတွေနဲ့ ပြည်နယ်တွေကို အတူတူ ခရီးထွက်ကြပါတယ်။

Nadech Kugimiya and Yaya Urassaya

Photo Credit : Urassaya 's IG Acc
Photo Credit : Urassaya 's IG Acc

ပရိသတ်တွေ အားကျနေရတဲ့ ချစ်သူသက်တမ်း (၁၀) နှစ်ကျော်ရှိပြီဖြစ်တဲ့ Nadech Kugimiya နဲ့ Yaya Urassaya တို့က ဒီနှစ်မှာတော့ Khao Yai ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ Nadech က “နှစ်သစ်မှာ ပျော်ရွှင်စရာကောင်းတဲ့ ခရီးကို ဖန်တီးပေးခဲ့တဲ့ ချစ်ရသူလေး Yaya ရဲ့ ကျေးဇူးကြောင့် တစ်နှစ်ကို ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းပါ” ဆိုတဲ့ စာတန်းနဲ့ ချစ်စရာကောင်းတဲ့ နှစ်ယောက်တွဲဓာတ်ပုံလေးတွေကို Instagram မှာ မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Urassaya 's IG Acc
Photo Credit : Urassaya 's IG Acc

Mark Prin and Kimmy Kimberley

Photo Credit : 'Mark Prin s IG Acc
Photo Credit : 'Mark Prin s IG Acc

ပရိသတ်တွေကတောင် မြန်မြန်လက်ထပ်ဖို့တောင်းဆိုနေကြတဲ့ Mark Prin နဲ့ Kimmy Kimberley တို့ အတွဲလေးက ဒီနှစ်သစ်မှာ Krabi မှာ အတူပျော်ရွှင်စွာ ဖြတ်သန်း‌နေကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေ အားကျအောင်လို့ သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို Instagram မှာ တင်ခဲ့ပါတယ်။

Photo Credit : 'Mark Prin s IG Acc
Photo Credit : 'Mark Prin s IG Acc

Joonior Korarawich and Noona Nuengtida

Photo Credit : Joonior 's IG Acc
Photo Credit : Joonior 's IG Acc

ချစ်စရာ စုံတွဲလေးဖြစ်တဲ့ Joonior နဲ့ Noona တို့ဟာလည်း ဥရောပကို ခရီးထွက်နေကြတာဖြစ်ပါတယ်။

Photo Credit : 'Joonior s IG Acc
Photo Credit : 'Joonior s IG Acc

Aob Nithi and Maprang Alrisa / Kangsom Tanatat and Dao Nathapatsorn

Photo Credit : Nithi 's IG Acc
Photo Credit : Nithi 's IG Acc

Aob Nithi နဲ့ Maprang Alrisa တို့ စုံတွဲလေးဟာ ဆွစ်ဇာလန်မှာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို အတူတကွ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။သူတို့စုံတွဲအပြင် ချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်တဲ့ Kansom Tanatat နဲ့ Dao Nathapatsorn တို့ဟာလည်း သူတို့နဲ့အတူ ခရီးထွက်နေကြပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T