ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ရတဲ့ အကြောင်းအရင်းကို ရင်ဖွင့်ပြောပြလာတဲ့ ဟန်လင်း

//s9.kh1.co/8d/8d85f99896c8dcc48d54aed940808375c70d40d3.jpg
အနုပညာရှင်များ

 ၀၈-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူများနိုင်ငံမှာ အခက်အခဲပေါင်းများစွာနဲ့ ဘဝ ကိုသုည ကပြန်စဖို့ ....

အခက်အခဲတွေများစွာကြားထဲက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ရှေ့ဆက်နေကြတဲ့ မေဦးနဲ့ ဟန်လင်းတို့ချစ်သူနှစ်ဦးကတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ချစ်တတ်လွန်းတာကြောင့် ပရိသတ်တွေအားလုံးရဲ့ချစ်ခြင်းမေတ္တာကို ရရှိထားတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ ချစ်သူသက်တမ်ကလည်း (၅) နှစ်ကျော် ရှိပြီဖြစ်ပြီး LGBT အသိုင်းအဝိုင်းမှာ ပရိသတ်တွေ အားပေးဝန်းရံ တဲ့ စုံတွဲလေး တစ်တွဲဆိုလည်းမမှားပါဘူး။

Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc

မော်ဒယ် ဟန်လင်းတို့ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေကြတာဖြစ်ပါတယ်။

Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc

အခုလက်ရှိမှာတော့ မော်ဒယ် ဟန်လင်းကတော့ မြန်မာနိုင်ငံကို စွန့်ခွာပြီး အနောက်နိုင်ငံတစ်နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို လုပ်ရက်မျိုးလုပ်သွားခဲ့တဲ့အတွက် ပရိသတ်တစ်ချို့မှ ဝေဖန်အပြစ်တင် နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်လင်းက နိုင်ငံရေးမတည်ငြိမ်တဲ့ကြားကနေ ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ရတဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ချို့ကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc

"အခုချိန်ကျွန်တော်တို့နောက်ကိုပြန်လှဲ့ကြည့်ရင်ကျောပဲရှိတော့တယ် …

ပြည်ပ နိုင်ငံကိုဘဝကြီးထင်ပြီး ထောင်ထဲကလူတွေကိုအားနာပါတို့ တောထဲကလူတွေကိုမသနားဘူးလားတို့ လာပြောကြတဲ့လူတစ်စုကိုပြောချင်တာက ကျွန်တော်တို့မှာလည်း ဘဝ ရှိပါတယ် … ကျွန်တော်တို့ဟာ နိုင်ငံရေးသမားတွေလည်းမဟုတ်သလို သေနတ်ကိုင်ပြီး စစ်တိုက်နိုင်တဲ့အရည်အချင်းလည်းမရှိပါဘူး … စက်စုပ်ဖို့ကောင်းတဲ့ မတရားမှုကြီးကိုပြည်သူတစ်ယောက်အနေနဲ့ မခံနိုင်လို့ အမှန်တရား ဓမ္မဘက်က ကျွန်တော်တို့ဘဝတွေပျက်လို့ပျက်မှန်းမသိလောက်အောင် နေအိမ်တွေ ဖျက်စီးခံရ ရှာထားသမျှငွေတွေ အသိမ်းခံရ နဲ့ နောက်ဆုံးတောထဲတောင်ထဲမှာ လပေါင်းများစွာပုန်းခိုပြီး ဒုက္ခတွေများစွာနှာဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ပြီးပါပြီ …

Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc

ထိုအချိန်ကာလတွေမှာလည်း စိတ်ကိုတင်းပြီး ရောက်ရာဘဝ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးကြိုးစားနေထိုင်ကြရင်း နိုင်ငံ့အရေးအတွက် နိုင်တဲ့ဝန်ကိုအတတ်နိုင်ဆုံး ဆက်လက်ထမ်းဆောင်ခဲ့တာမို့ ကိုယ့်လိပ်ပြာကိုယ် အရမ်းကိုလုံပါတယ် … အဲ့အချိန်ကာလတွေမှာ လူတွေအလုပ်တွေလုပ်နေကြတာ မြင်ရင်ကိုယ်အားငယ်မိတာ အမှန်ပါ (အရှိန်အဟုန်နဲ့ကြိုးစားမယ်လို့ဆုံးဖြတ်ပြီးအားကုန်ကြိုးစားနေတဲ့ကာလကို) သို့ပေမယ့် ကိုယ်ထပ် တစ်နေ့နေ့အလုပ်တွေကို ထမင်းစားချိန်မရှိလောက်အောင်လုပ်နေရတဲ့ ကိုယ့်ချစ်သူအားငယ်ပြီး သူဝမ်းနည်းနေတာမြင်တော့ ကိုယ့်အားငယ်စိတ်တွေကိုဖျောက်ရင်း သူ့ကိုနှစ်သိမ့်ရင်းဖြတ်သန်းခဲ့ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုယ်သာအသိဆုံးပါ …

Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc

အခုလို ပြည်ပနိုင်ငံ ကိုထွက်လာတယ်ဆိုတာ အပျော်ခရီး ထွက်လာကြတာမဟုတ်ပါဘူး … ကျွန်တော်တို့နောက်မှာ ရှိနေသေးတယ် မိသားစု စားဝတ်နေရေးအတွက် သူများနိုင်ငံမှာ ဘာပိုင်ဆိုင်မှုမှ မရှိ ရှေ့ဆက်ဘဝ ဘာဆက်ဖြစ်မှာလည်းဆိုတာလည်းမရေရာ … အခက်အခဲပေါင်းများစွာနဲ့ ဘဝ ကိုသုည ကပြန်စဖို့ကြိုးစားနေရတဲ့ကာလပါ … အခုလို အခက်အခဲတွေနဲ့ထွက်သွားရသည့်တိုင် ကျွန်တော်တို့နိုင်ငံအရေးအတွက်လည်း ဆက်ပြီး နိုင်သမျှဝန်ကိုထမ်းနေဦးမှာပါ …

Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc

(ဖြည့်စွက်ပြီးနောက်ဆုံးပြောချင်တာ ကျွန်တော် တို့က Gay တွေပါ ) ?#အဲ့စာသားရဲ့ အဓိပ္ပာယ်က ကျွန်တော်တို့ရင်ထဲမှာခံစားနေရတဲ့ ခံစားချက်တစ်ချို့ကြောင့်ထည့်ရေးလိုက်မိတာပါ … personal စိတ်ခံစားချက်မို့ ပါဗျ" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Credit : Han Lin's Facebook Acc
Photo Credit : Han Lin's Facebook Acc

Source : Han Lin's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T