တေးသံရှင် မဒီဟာ အောင်မြင်ခိုင်မာတဲ့ အသံနဲ့ ပရိသတ်တွေကို ဒီနေ့ထိ ဆွဲဆောင်ထားနိုင်တဲ့ အနုပညာသမားစစ်စစ်တစ်ဦးပါ။ သူမဟာ ကိုဗစ်ကြောင့် အိမ်မှာနေရပေမဲ့ "Live from Isolation : Acoustic Sessions" ဆိုပြီး အိမ်နေရင်းပဲ သီချင်းလေးတွေ ဖန်တီးကာ ပရိသတ်တွေကို ဖျော်ဖြေနေပါတယ်။

ဒီနေ့မှာတော့ တေးရေး စောဘွဲ့မှူး သီကုံးပြီး တေးသံရှင် ကိုင်ဇာ သီဆိုထားတဲ့ "စွန်ကလေး" အမည်ရ သီချင်းလေးကို မဒီက ပြန်ဆိုထားပါတယ်။ အရင်ကလည်း မဒီ ဆိုဖူးပေမဲ့ ဒီတစ်ခါတော့ acoustic version မို့ အရသာတစ်မျိုးနဲ့ ထပ်မံခံစားရမှာပါ။

သီချင်းလေးကို သူမရဲ့ တရားဝင် Youtube ချန်နယ် ဖြစ်တဲ့ Madi - Official Music မှာ အစအဆုံးတင်ထားပြီး သူမကို အားပေးချင်ရင် အဲဒီကလွဲလို့ ကျန်တဲ့နေရာတွေမှာ မတင်ပါနဲ့လို့ မေတ္တာ ရပ်ခံထားပါတယ်။

သီချင်းလေးကို သူမရဲ့ facebook မှာ ပြန်ဝေမျှရင်းနဲ့ ပရိသတ်တွေအတွက် ဆုတောင်းစကားလေး တင်ထားပါသေးတယ်။
"နှစ်သစ်မှာ ကျန်းမာ ပျော်ရွှင် လုံခြုံမှုတွေနဲ့ ပြည့်စုံနေဖို့ ဆန္ဒ ပြုပါတယ်။ အားလုံးရဲ့ ရဲရင့်တဲ့ ဇွဲနဲ့ ခွန်အားတွေကိုလည်း ဂုဏ်ပြုလျက်" ဆိုပြီး ရေးသားခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ ဒီမိုကရေစီကို လိုလားတဲ့ မဒီ့ရဲ့ သီချင်းလေးကို နားဆင်ရင်း ခဏတာ စိတ်အပန်းပြေကြမယ်လို့ မျှော်လင့်ပါတယ်။