ဒေါက်တာမြဝတ်ရည်ကတော့ အရာရာကိုထက်မြတ်စွာဆုံးဖြတ်နိုင်ပြီး စကားပြောဆိုရာမှာ ကျွမ်းကျင်တာကြောင့် အမျိုးသမီးတော်တော်များများရဲ့ အားကျခြင်းကိုခံရတဲ့အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကတော့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာဖြစ်နေတဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း အစိုးရလုပ်ငန်းကိုရပ်ဆိုင်းဖို့အတွက် ဆရာဝန်တွေဘက်ကစတင်ပြီး CDM လုပ်တဲ့အထဲမှာလည်း ဒေါက်တာမြဝတ်ရည်တစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။ ဒေါက်တာကတော့ တိမ်းရှောင်နေစဉ်မှာပဲ သမီးလေးကိုမွေးဖွားခဲ့တာ ဖြစ်ပါတယ်။


သွေးမအေးဘဲ တော်လှန်ရေးမှာ နိုင်ရာတာဝန်ကို ဝင်ကူပြီးထမ်းဆောင်ပေးနေတဲ့ ဒေါက်တာမြဝတ်ရည်က ဒီတစ်ခါမှာလည်း CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့မှုတွေကို ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ အလုပ်တွေရှုပ်နေတာကြောင့် သမီး Mia ကိုတောင် ဂရုမစိုက်ပေးနိုင်တဲ့အကြောင်းကို "ဒီ ၈ ရက်လုံး အမေက စာရင်းတွေ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလေတော့
သမီးခမျာ သူ့ဘာသာသူ နို့စို့ရတယ်
အမေချီမသိပ်အားတော့ အိပ်ရာထဲ ချထားရင် သူ့ဘာသာသူ အိပ်ပျော်သွားရှာတယ်
အလုပ်ရှုပ်နေတဲ့ အမေဘေးကနေ သူအိပ်ချင်ပြီဆိုရင် အမေဒူးလေးကို သူ့လက် သေးသေးလေးနဲ့ ကုတ်ပြီး ချိုလိမ် တောင်းရှာတယ်
ကိုယ့်ကလေးကိုတောင် အချိန် သိပ်မပေးဖြစ်ဘဲ CDM အတွက် လုပ်ပေးဖြစ်တာ
တစ်ချို့တွေက ရန်တွေ့တယ် စိတ်ဆိုးကြတယ်
စကားနာထိုးကြတယ်
အလိမ်ခံရတယ်

ကိုယ်တိုင် အလှူငွေထည့် အလှူရှင်တွေကို ဆော်ဩ
မနိုင်ဝန်ထမ်း လူ ၃ ယောက်တည်းနဲ့ (လူ ၅၀၀ လောက်ထဲက) လူ ၁၉၃ ယောက်ကို ရွေးထုတ် စာရင်းပြုစု တစ်ဦးချင်းငွေလွှဲ လွှဲပြီးကြောင်း အကြောင်းပြန် အသေးစိတ်ကအစ အကုန်စစ်ဆေးရတာ မလွယ်နေပါဘူးနော်
အလှူငွေလွှဲသူစာရင်းကိုလည်း ဒီ CB ထဲကပဲ ဖြဲယဲရှာရတာ ပြီးရင် ငွေထုတ်ပေးမယ့် မိတ်ဆွေအစ်မဆီပို့ သူက ထုတ်ပေး ရမရ ပြန်ပြော ပြန်စစ်
CDM တွေကို လွှဲရင်လည်း တစ်ဦးချင်း ဖုန်းတွေကို တစ်ကြောင်းချင်းစီပို့ရတာ ငွေလွှဲဖို့
ဖုန်းမှားလွှဲလို့လည်း မဖြစ်နေတော့ သေချာ ပြူးပြဲ လုပ်ရပါတယ်
လူ၅၀၀ ကျော်ရဲ့စာတွေအားလုံးထဲက ရွေးရတာပါ
မျက်ရိုးတွေကိုက် ခေါင်းပါကိုက်ပါတယ်
မရတဲ့သူတွေက မရရကောင်းလား ဖြစ်နေကြတော့လေ ပင်ပန်းရကျိုးက မနပ်နေပါဘူး
ကျေးဇူးတွေ တင်လိုက်တာရှင် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ပြီး ချစ်ဖို့ကောင်း လိမ္မာတဲ့ Mia လေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။


Source : Dr. မြဝတ်ရည်'s Facebook Page