အင်တာနက်မလိုတဲ့ Zombie ဂိမ်းကောင်း

//s9.kh1.co/70/70cb934e64bfb58e2a1cd36de4f718a1e7907b4f.jpg
E-Sports

 ၀၃-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

Zombie Shooter ဂိမ်းတွေကို ကြိုက်သူတွေအတွက် download ဆွဲရတဲ့ Size နဲ့တောင် မလိုက်လောက်အောင် ကောင်းမွန်တဲ့ First person shooter ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Offline ကစားရတာဖြစ်ပြီး Sound effect,Graphic,Story နဲ့ Theme တွေကအစ offline ဂိမ်းလို့မထင်ရလောက်အောင် ကောင်းမွန်တဲ့ဂိမ်းတစ်ခုပါ Story ကိုတော့ အားအရဆုံးပါပဲ Ending တစ်ခုတည်းမကရှိပြီး ဒရမ်မာဆန်ဆန် ဆော့နေရင်းနဲ့ကို ရုပ်ရှင်ကြည့်ရသလို ဇာတ်လမ်းတစ်ခုထဲမှာ စီးမျောနေစေမဲ့ ဂိမ်းဖြစ်ပါတယ် 

Into The Dead 2 ရဲ့ Icon အသစ် (credit:Play Store/PIKPOK)
Into The Dead 2 ရဲ့ Icon အသစ် (credit:Play Store/PIKPOK)

PIKPOK ဂိမ်းထုပ်လုပ်ရေးက ထုတ်လုပ်ထားတဲ့ Into The Dead 2 ပါ နာမည်ကြီး Into The Dead ရဲ့ အဆက်ဂိမ်းပါ ဒီဂိမ်းထဲမှာတော့ ကစားသူဟာ James လို့ခေါ်တဲ့လူတစ်ယောက်နေရာမှာ ကစားရမှာဖြစ်ပါတယ် ဂိမ်းစစချင်းဇာတ်လမ်းမှာ James ဟာ အမဖြစ်သူ Helen ဆီကို ထရပ်ကားနဲ့လာနေရင်း ကားမှောက်ပြီး Zombie တွေဝိုင်းနေတဲ့ကြားထဲကနေ ဖောက်ထွက်တာကနေစပါတယ် ဂိမ်းကာရိုက်တာဟာ တောက်လျှောက်ပြေးနေမှာဖြစ်ပြီး ကစားသူက ဟိုဖက်ဒီဖက်ရွေ့ကာ ဖုတ်ကောင်တွေနဲ့လွတ်အောင် ရှောင်ပြီး တတ်နိုင်သမျှ သတ်သွားရမှာဖြစ်ပါတယ် 

Into The Dead 2 Trailer

ကျည်အကန့်အသတ်နဲ့ သေနတ်နှစ်လက်ကိုသယ်ဆောင်နိုင်ပြီး လမ်းတောက်လျှောက်မှာ ကျည်ဆန်တွေရအောင်ကောက်ရင်း ဖုတ်ကောင်တွေကိုရင်ဆိုင်ရမှာပါ အဲ့လိုသွားနေရင်းနဲ့ အမဖြစ်သူဆီ တဖြည်းဖြည်း‌ရောက်သွားမှာဖြစ်ပြီး Mission တစ်ခုပြီးဆုံးတိုင်းမှာလည်း သူ့အမဆီဆက်သွယ်တာကို တွေ့ရမှာဖြစ်ပါတယ် 

Mission တစ်ခုပြီးတိုင်း သူ့အမဆီ တစ်ခါဆက်သွယ်ပါတယ် (credit:Android Police)
Mission တစ်ခုပြီးတိုင်း သူ့အမဆီ တစ်ခါဆက်သွယ်ပါတယ် (credit:Android Police)

လက်နက်ပိုင်းမှာဆိုရင်လည်း SMG တွေ ပစ္စတိုတွေ စက်သေနတ်တွေ Shotgun တွေသာမက လေးနဲ့မြှား ဒူးလေး ခေတ်ပေါ်လက်နက်တွေဖြစ်တဲ့ လျှပ်စစ်သေနတ် စတာတွေကိုပါ မြင်တွေ့နိုင်ပါသေးတယ် သေနတ်တစ်လက်ချင်းစီကို အဆင့်မြှင့်နိုင်ပြီး ပိုအဆင့်မြင့်လေလေ Damage နဲ့သေနတ်ရဲ့ Ability တွေပိုများလေပါပဲ Mission တစ်ခုမှာ အမျိုးအစားမတူတဲ့ သေနတ်နှစ်လက်ကို သယ်ဆောင်နိုင်ပါတယ် အထူးကျည်ဆန်တွေဖြစ်တဲ့ ပစ်လိုက်ရင်မီးလောင်တဲ့ကျည် ပေါက်ကွဲထွက်သွားတဲ့ကျည်တွေကိုလည်း သယ်ဆောင်နိုင်ပါတယ်

Into The Dead 2 မှလက်နက်များ
Into The Dead 2 မှလက်နက်များ

ကျည်ဆန်ကတော့ အကန့်အသတ်နဲ့ဖြစ်ပြီး လမ်းပေါ်မှာ မီးခိုးနဲ့အချက်ပြထားတဲ့ ကျည်ဆန်တွေကို ရအောင်ကောက်ယူရမှာပါ မဟုတ်လို့ကျည်မလောက်ရင် နည်းနည်းဒုက္ခရောက်နိုင်ပါတယ် လမ်းမှာ မီးသေနတ်တို့ လွှစက်တို့လို လက်နက်ကြီးတွေကို တွေ့နိုင်ပါသေးတယ် တချို့ Mission တွေမှာဆို လမ်းမှာတွေ့တဲ့ စက်သေနတ်တွေ Auto သေနတ်တွေနဲ့ ဖုတ်ကောင်အုပ်လိုက်ကြီးကို သုတ်သင်နိုင်ပါတယ်

credit:Play Store/PIKPOK
credit:Play Store/PIKPOK

ကိုယ့်ရဲ့ခရီးသွားဖော်အဖြစ် ခွေးလေးတွေလည်း မွေးနိုင်ပါသေးတယ် လမ်းတလျှောက်သူတို့ကလိုက်ပြီး ဖုတ်ကောင်တွေကို ကူညီတိုက်ခိုက်ပေးမှာပါ ခွေးတင်မကပဲ တခြားတိရစ္ဆာန်တွေပါ ပါပါသေးတယ် သူတို့ကိုအစာတော့ကျွေးရမှာဖြစ်ပါတယ်

credit:Play Store/PIKPOK
credit:Play Store/PIKPOK

Graphic နဲ့ အသံပိုင်းကတော့ တော်တော်လေးကို ကောင်းမွန်တဲ့ Offline ဂိမ်းပါ Graphic ပိုင်းဆိုရင် သေနတ်တွေရဲ့ အသေးစိတ်အချက်တွေ ကျည်ဖြည့်တဲ့ Animation တွေ ကျည်ထွက်တဲ့ပုံတွေ မောင်းပြန်ရိုက်တဲ့ပုံတွေ ဖုတ်ကောင်တွေရဲ့ပုံစံတွေ လှုပ်ရှားမူတွေဟာ တော်တော်လေးကို ပြည့်စုံပါတယ် အသံပိုင်းမှာဆိုလည်း သေနတ်သံတွေဟာ တကယ့်သေနတ်သံအတိုင်း တစ်လက်ချင်းစီကို အသေးစိတ်လုပ်ထားတာကို မြင်ရမှာပါ နောက်ခံသီချင်းသံတွေနဲ့ ဖုတ်ကောင်တွေရဲ့အသံတွေကလည်း တော်တော်လေးကျောချမ်းစရာကောင်းပါတယ် ရုပ်ထွက်ပိုင်းမှာပြောစရာရှိတာက နည်းလွန်းတဲ့ ဖုတ်ကောင်ပုံစံတွေနဲ့ ထပ်နေတဲ့မြေပုံဒီဇိုင်းတွေပါပဲ ဖုတ်ကောင်ဒီဇိုင်းများများစားစားမြင်ရမဲ့ ဂိမ်းမဟုတ်ပါဘူး 

credit:BlueStacks
credit:BlueStacks

ဇာတ်လမ်းပိုင်းကတော့ တော်တော်လေးကောင်းပြီး ကစားသူကို နောက်ဘာဆက်ဖြစ်မလဲသိချင်အောင် ဆွဲခေါ်နိုင်တဲ့ ဇာတ်လမ်းဖြစ်ပါတယ် James ရဲ့ခရီးလမ်းတလျှောက်မှာ တခြားအသက်ရှင်ကျန်နေသူတွေနဲ့ တွေ့ရဦးမဲ့အပြင် ဇာတ်လမ်းအဆုံးသတ်ကိုလည်း သုံးမျိုးလောက်ပြသပေးထားပါတယ်

ဒီဂိမ်းကို Android ရော IOS မှာပါအလွယ်တကူ Download ရယူကစားနိုင်ပါတယ် Zombie ဂိမ်းကြိုက်သူတွေ သေနတ်ပစ်ဂိမ်းကြိုက်သူတွေအတွက်တော့ ရွှေလို့ပြောရမဲ့ဂိမ်းဖြစ်ပါတယ် နားကြပ်လေးတပ်ပြီး ဖုတ်ကောင်တွေကိုလိုက်ပစ်ရင်း ဇာတ်လမ်းထဲမှာ စီးမြောချင်တယ်ဆိုရင်တော့ Into The Dead 2 ကို အောက်ပါ Link ကနေ Download ရယူကစားနိုင်ပါတယ် 

သတင်း အရင်းအမြစ် Android ဖုန်းများအတွက် Download link

သတင်း အရင်းအမြစ် IOS ဖုန်းများအတွက် Download link

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T