ပရိသတ် တွေ ချစ်ခင် အားပေး ရတဲ့ သရုပ် ဆောင် ခိုင်နှင်းဝေ ကတော့ အနုပညာ လုပ်ငန်းတွေ ကို ရပ်နားထားပြီး ပရဟိတ အလုပ်တွေကို ဘဲအားသွန် ခွန်စိုက် လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။

ခိုင်နှင်းဝေက မိဘမဲ့ ကလေး တွေကို မိဘရင်းသဖွယ် ကူညီ စောင့်ရှောက် ပေးနေတာ လည်းဖြစ်ပါ တယ်။ ဒါအပြင် ခိုင်နှင်းဝေက စားဝတ် နေရေး ကျပ် တည်း နေတဲ့ ပြည်သူတွေဆီ လိုအပ်တဲ့ အရာတွေကို ကိုယ်တိုင် သွားရောက် လှူဒါန်း ပေးနေတာလည်း ဖြစ်ပါတယ်။


ဒီနေ့ မှာတော့ ခိုင်နှင်းဝေက သူ့ရဲ့ဂေဟာမှာ သမီးလေး တစ်ယောက်ကို ထပ်မံမွေးစားခဲ့ပါတယ်။ သမီးလေးတစ်ယောက်ကို ထပ်မံမွေးစားဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း "ဦးဦး ၊ဒေါ်ဒေါ်၊ကိုကို၊မမ တို့ ချစ်ပေးဘို့ သမီးလေး တစ်ယောက် (မတိုးချင်ပေမဲ့) ထပ်တိုးပါတယ်ရှင်..

"ခိုင်" မိသားစုဝင် သမီးလေးကို မေတ္တာပေးလို့ ချစ်ပေးကြပါဦးနော်..❤️❤️" ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုလည်း ချစ်ပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။


Source: Khine Hnin Wai's Facebook Acc





