ပြေတီဦးနဲဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ဦးလုံး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခံရ

//s9.kh1.co/15/153d513f5db028c8da4447ff7dc49a14789403af.jpg
အနုပညာရှင်များ

 ၃၀-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံနှစ်ဦးကတော့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး အတူတကွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီလို ပါဝင်လုပ်ဆောင်မှုတွေကြောင့် ၅၀၅(က) ဖြင့် အမှုစွဲဆိုခံရပြီး ဧပြီလပိုင်းလောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo

ဖမ်းဆီးခံရတဲ့ နောက်ပိုင်းမှာလည်း အင်းစိန်ထောင်အတွင်းမှာ ချုပ်နှောင်ခံထားရပြီး ယနေ့ထိဆိုရင် (၈) လတောင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံထားရချိန်မှာလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိခဲ့ပေမယ့် ဇနီးမောင်နှံနှစ်ဦးလုံး လွတ်မြောက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ကိုချစ်ကြတဲ့ ပြည်သူ့ပရိသတ်တွေက အမြန်ဆုံး လွတ်မြောက်လာအောင်လည်း ဆုတောင်းပေးထားကြတာလည်း တွေ့မြင်ရပါတယ်။

Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo

ဒီကနေ့ ဒီဇင်ဘာလ (၃၀) ရက်မှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံနှစ်ဦးရဲ့ စိတ်မကောင်းစရာ သတင်းကို ထပ်မံကြားသိရပါတယ်။ ဒါကတော့ အင်းစိန်ထောင်တွင်းတရားရုံးကနေ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ဦးကို အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ကြောင်း ကြားသိရပါတယ်။ ထောင် (၃)နှစ်စီ ချမှတ်ခံရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ဦးကို အမြန်ဆုံးပြန်လည် လွတ်မြောက်အောင် ပရိသတ်တွေကလည်း ဝိုင်းဝန်း ဆုတောင်းပေးကြပါဦးနော်။

သတင်း အရင်းအမြစ် Source - BBC

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T