အာရုံကြောဝေဒနာကြောင့်ဆေးရုံတတ်ကုသမှုခံယူနေရတဲ့ မေတင်မောင်ဆန်းဝင်း

//s9.kh1.co/7a/7a83024093bf882eb2552c78028eec0c57e5e5fb.jpeg
အနုပညာရှင်များ

 ၂၈-ဒီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၄ နှစ် က

အာရုံကြောဝေဒနာကြောင့်ဆေးရုံတတ်ကုသမှုခံယူနေရတဲ့ မေတင်မောင်ဆန်းဝင်း

မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီး အထင်ကရ ဂီတသဘင်ဖြစ်တဲ့ ရွှေမန်းသဘင်ရဲ့ မျိုးဆက် မင်းသားတင်မောင်ဆန်းမင်းဝင်းရဲ့ ညီမ မေတင်မောင်ဆန်းဝင်းဟာဆိုရင်အာရုံကြောထိခိုက်မှုကြောင့်ဆေးရုံတက်ရောက် ကုသမှုခံယူနေရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့သူမရဲ့ရောဂါအခြေအနေဟာတော်တော်လေး သက်သာလာပြီ ဖြစ်ပေမယ့်လူကောင်းအတိုင်းဖြစ်ဖို့တော့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။ 

MayTinMaung SanWin
MayTinMaung SanWin

လက်ရှိမှာ မေတင်မောင်ဆန်းဝင်းတစ်ယောက်ဆေးရုံမှာကုသမှုခံယူနေရတာ အချိန်၂လပြည့်တော့မှာ ဖြစ်ပါတယ်။ဆိုးရွားလွန်းလှတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာကြောင့်မေတင်မောင်ဆန်းဝင်းအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး တော်တော်လေးကို ကြောက်ရွံ့နေပါတယ်။ 

MayTinMaung SanWin
MayTinMaung SanWin

ဒီကနေ့ဒီဇင်ဘာလ၂၈ရက်နေ့ဟာ မေတင်မောင်ဆန်းဝင်းရဲ့မွေးနေ့ဖြစ်တာကြောင့်ဒီနှစ်မွေးနေ့အတွက်ဆုတောင်းကိုတော့ ပကတိအတိုင်း ပြန်လည်ကျန်းမာလာတဲ့ လူကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ မေတင်မောင်ဆန်းဝင်းက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး ရေးတင်ထားပါတယ်။ 

MayTinMaung SanWin
MayTinMaung SanWin

"ဆေးရုံမှာနေနေရတဲ့ရက်ပေါင်းဒီနေ့ကျမမွေးနေ့၂၈ရက်နေ့နဲ့ဆိုနှစ်လပြည့်ဖို့၁၀ရက်ပဲလိုတော့တယ်

 ဒီလိုဆိုးရွားလွန်းတဲ့နေ့ရက်တွေကိုတော့ကျော်ဖြတ်နိုင်ခဲ့ပါပြီ

အာရုံကြောထိခိုက်မှုရှိနေတုန်းမို့

လူကောင်းပကတိဖြစ်ဖို့တော့ 

အတော်ကိုလိုပါသေးတယ်...

စိတ်ပူပေးကြတဲ့ဆွေမျိုးများမိတ်ဆွေသူငယ်ချင်းများကိုအထူးကျေးဇူးတင်ပါတယိ

အားလုံးပို့သတဲ့မေတ္တာကြောင့်သာ 

ခုလောက်ထိပြန်ကောင်းလာတာပါ...

ဒီနေ့မွေးနေ့မှာအလိုချင်ဆုံးဆုကတော့

ဒုံလူကောင်းပကတိအဖြစ်နဲ့ဆေးရုံကဆင်းနိုင်ဖို့

ဆုတောင်းပေးကြပါရှင်???

p.s. ဒီပို့စ်ကိုဒုံစာမရိုက်နိုင်လို့အမPadamyar Kkhine 

ကူပြီးရေးပေးတာကျေးဇူးပါ

28.12.2021"

MayTinMaung SanWin
MayTinMaung SanWin

မေတင်မောင်ဆန်းဝင်းတစ်ယောက် ဒီကနေ့သူမရဲ့မွေးနေ့ကစပြီးကျန်းမာရေးတွေပိုပြီး ကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။  အမြန်ဆုံးကျန်းမာလာပါစေ။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T