အရမ်းခက်တဲ့ဂိမ်းတွေကို မေးစေ့နဲ့ဆော့ပြတဲ့ Streamer

//s9.kh1.co/4e/4ee5b94b4315ee94fa5c3caa4ab841af886808e3.jpg
E-Sports

 ၂၇-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

Gamer တွေဟာတစ်နေ့ထက်တစ်နေ့ ကိုယ့် skill တွေပိုတက်လာအောင် ကြိုးစားလျက် ရှိကြပါတယ် Gamer တွေရဲ့ skill တွေနဲ့ကိုက်ညီတဲ့ ဂိမ်းခလုပ်တွေ အပိုပစ္စည်းတွေကိုလည်း နေ့တိုင်းနီးပါး ထုတ်လုပ်တဲ့အပိုပစ္စည်းတွေ ကိုယ့်ဘာသာတီထွင်ကြတဲ့ပစ္စည်းတွေကို မျိုးစုံတွေ့ကြရမှာပါ ခက်ခဲတဲ့ဂိမ်းတွေအတွက် ထုတ်ထားတဲ့ အပိုပစ္စည်းတွေကို တချို့ Gamer တွေက သဘောမကျကြပါဘူး ဒါပေမဲ့ ဂိမ်းခလုပ်ကို ရိုးရိုးတန်းတန်းပဲ လက်နဲ့ကိုင်မဆော့ချင်သူတွေ မသန်စွမ်း Gamer တွေအတွက်တော့ ဒီအပိုပစ္စည်းတွေက အကူအညီအများကြီးဖြစ်ပါတယ် 

Teenage Mutant Ninja turtles
Teenage Mutant Ninja turtles

ခုဖော်ပြပေးမဲ့သတင်းကတော့ အရမ်းခက်ခဲတဲ့ဂိမ်းတွေကို မေးစေ့သာ အသုံးပြုပြီး နိုင်အောင်ဆော့ပြနေတဲ့ Streamer တစ်ယောက်အကြောင်းပါ HanDcapableSean ဆိုတဲ့ Streamer တစ်ယောက်ဟာ Twitch ပေါ်မှာ NES ဂိမ်းတွေကို တစ်ခါမှမသေပဲ မေးစေ့နဲ့ပဲ ဆော့ပြနေတဲ့ Streamer တစ်ယောက်ဖြစ်ပါတယ် သူဟာလောလောလတ်လတ် အရမ်းခက်တဲ့ Teenage Mutant Ninja Turtle ဂိမ်းကို တစ်ခါမှမသေပဲ မေးစေ့နဲ့တင် ဆော့ပြထားပါတယ်

Video ထဲမှာ သူ့ရဲ့အာရုံစူးစိုက်မူ ဆုံးဖြတ်ချက်လျင်မြန်မူ‌တို့ကို တွေ့ရမှာပါ အရင်တုန်းကလည်း ActRaiser 2,Castlevania,Zeld 2:The Adventure of Link,Ninja Gaiden,Super Mario Bros:The Lost Levels တို့နဲ့ Donkey Kong Country စီးရီးတစ်ခုလုံးကို မေးစေ့နဲပဲ တစ်ခါမှမသေအောင် ဆော့ပြထားပါတယ် သူဒီလိုဆော့နိုင်တာဟာ အထူးပြုလုပ်ထားတဲ့ ခလုပ်တွေအပြင် ဂိမ်းခလုပ်ကို ကိုယ်လိုချင်သလို ပြန်ညှိနိုင်တဲ့ software တစ်ခုကြောင့်ပါ

လက်ရှိမှာသူဟာ Mega Man 2 ဂိမ်းကို အောင်နိုင်အောင်ကြိုးစားနေပြီး သူ့ရဲ့ရှေ့ဆက်ဂိမ်းတွေကို ကြည့်ချင်တယ်ဆို Twitch ကနေ ဆက်လက်စောင့်ကြည့်နိုင်ပါတယ်

သတင်း အရင်းအမြစ် HanDcapableSean's Twitch account

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T