အသက် ၃ နှစ်အရွယ်မှာ ဖခင်ရဲ့ စွန့်ပစ်မှုကိုခံခဲ့ရပြီး ပထွေး ၃ ယောက်နဲ့ ဘဝကို ရှင်သန်ဖြတ်သန်းခဲ့ရတဲ့ John Wick မင်းသားကြီး Keanu Reeves

//s9.kh1.co/ec/ecfdde740ff5ed5da8f1b24b632a4062fe9750d8.jpg
အနုပညာရှင်များ

 ၂၇-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

အသက် ၃ နှစ်အရွယ်မှာ ဖခင်ရဲ့ စွန့်ပစ်မှုကိုခံခဲ့ရပြီး ပထွေး ၃ ယောက်နဲ့ ဘဝကို ရှင်သန်ဖြတ်သန်းခဲ့ရတဲ့ John Wick မင်းသားကြီး Keanu Reeves

အားလုံးပဲ John Wick မင်းသားကြီး Keanu Reeves ကို သိကြမှာပါနော်။ မင်းသားကြီး Keanu Reeves ဟာ အသက် ၅၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အောင်မြင်နေတဲ့ ကနေဒါလူမျိုး ဟောလိဝုဒ်သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ မင်းသားကြီး Keanu Reeves ဟာ Matrix ဇာတ်လမ်းမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သလို အခြား သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေဟာလည်း အများကြီးပဲဖြစ်ပါတယ်။

Google
Google

ဟောလိဝုဒ်သရုပ်ဆောင်ကြီး Keanu Reeves ဟာသူ့အသက် ၃ နှစ်အရွယ်မှာတုန်းက ဖခင်ရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့သူဖြစ်ပါတယ်။ ဖခင်ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးတဲ့နောက်မှာ သူ့ရဲ့မိခင်က နောက်ထပ်အိမ်ထောင်တွေ ထပ်ပြုခဲ့ပါတယ်။ နောက်ထပ် အိမ်ထောင်တွေ ထပ်ပြုပြီးတော့လည်း ထပ်ကွဲခဲ့ပါတယ်။ ဒါကြောင့် Keanu Reeves က ပထွေး ၃ ဦးနဲ့ နေထိုင်ခဲ့ရတဲ့ သူဖြစ်ပါတယ်။ 

Google
Google

Keanu Reeves ဟာ dyslexic လို့ခေါ်တဲ့ စာဖတ်ရတာ ခက်ခဲတဲ့ ရောဂါကို ခံစားနေရတဲ့သူလည်းဖြစ်ပါတယ်။ Keanu Reeves ရဲ့ အိမ်မက်က ဟော်ကီကစားသမားဖြစ်ပေမယ့် ကြီးမားတဲ့ မတော်တဆမှုကြီးကြောင့် အိမ်မက်ကို အဆုံးရှုံးခံခဲ့ရပါတယ်။ 

Google
Google

Keanu Reeves ရဲ့ ဘဝက ဘယ်လောက်တောင် ကံဆိုးခဲ့ရလဲဆိုရင် သူ့ရဲ့ သမီးဖြစ်သူဟာလည်း မွေးမွေးချင်း သေဆုံးခဲ့တာပါ။ သမီးလေးသေဆုံးပြီးမကြာခင်မှာ သူရဲ့ဇနီးဖြစ်သူနဲ့ကွာရှင်းခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဇနီး ဟောင်း ဖြစ်သူဟာလည်း  ကားမတော်တဆမှုကြောင့် သေဆုံးခဲ့ရပါတယ်။ သူ့ရဲ့ အချစ်ရဆုံးသူငယ်ချင်း River Phoenix ဟာဆိုရင်လည်း ဆေးလွန်ပြီးသေဆုံးခဲ့ရပါတယ်။ သူ့ရဲ့ ညီမဖြစ်သူဟာလည်း သွေးကင်ဆာရောဂါဝေဒနာ ခံစားခဲ့ရတဲ့သူ ဖြစ်ပါတယ်။

Google
Google

Keanu Reeves ဟာ ဘာအခြွေအရံ ဘာဇိမ်ခံအိမ်မှ မရှိဘဲ ရိုးရိုး သာမန်အိမ်လေးမှာပဲ နေထိုင်တဲ့သူဖြစ်ပါတယ်။ Keanu Reeves ရဲ့ နောက်ထပ်ဝါသနာတစ်ခုက အလှူအတန်းတွေ ပြုလုပ်ပေးရတာဖြစ်ပါတယ်။ “The Matrix” ဇာတ်လမ်းက ရရှိခဲ့တဲ့ ငွေကြေးတွေထဲက အမေရိကန်ဒေါ်လာ ၇၅ သန်းကိုလည်း ဆေးရုံတွေကို လှူဒါန်းခဲ့ပါတယ်။ “တစ်ခါတစ်လေ ဘဝကြီးမှာ လောကဓံကို အများကြီးခံစားခဲ့ရသူတွေက အခြားသူတွေကို ကူညီပေးဖို့ အရမ်းကို လိုလားကြတဲ့သူတွေဖြစ်ကြတယ်” တဲ့ ။ မင်းသားကြီး Keanu Reeves ဟာဆိုရင်လည်း အဲဒီလိုပါပဲ။ စေတနာကောင်းပြီး အောင်မြင်မှုတွေ အများကြီးရရှိထားတဲ့ မင်းသားကြီး Keanu Reeves ဘဝဟာလည်း တစ်ခုမကောင်းတော့ တစ်ခုကောင်းဆိုသလို အခက်အခဲတွေ အများကြီးရှိနေခဲ့တာပဲနော်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T