မင်းသမီးဖူးပွင့်သခင်ရဲ့အိမ်ကိုခိုးခံခဲ့ရပြီး ငွေကြေး အခက်အခဲဖြစ်နေတဲ့အချိန်မှာ ငွေကြေးကူညီပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/d3/d31a9192e963c880045b6d8f9ebcc92a5660d218.jpg
အနုပညာရှင်များ

 ၂၇-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပရဟိတ မင်းသမီးလေးကတော့ အိမ်ထိကို ကိုယ်တိုင်သွားရောက်ပေးတာ ....

သရုပ်ဆောင် ပြောင်မြောက်ပြီး ချစ်စရာကောင်းတဲ့သွင်ပြင်နဲ့ မင်းသမီးချောလေး ဖူးပွင့်သခင်ကတော့ ပရိသတ်တွေအားပေးနေရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page

ဖူးပွင့်သခင်တို့ မိသားစုအကုန်လုံး ခရီးသွားနေတဲ့အချိန်မှာ နေအိမ်မှာ အစောင့်ထားခဲ့တဲ့ အိမ်ခိုင်းတဲ့ အမျိုးသမီး လင်မယားက လက်ဝတ်လက်စားတွေ တီဗွီနဲ့ သူမရဲ့ Live လွှင့်ပြီး ရောင်းချနေတဲ့ အဝတ်အထည်များနဲ့ မျက်မှန်များကိုလည်း ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page

ဖူးဖွင့်သခင်ရဲ့ အိမ်ကို ဖောက်ထွင်းခိုးခံခဲ့ရပြီး ငွေကြေးအခက်အခဲဖြစ်နေတဲ့ အချိန်မှာ ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေက အိမ်ထိကိုယ်တိုင်သွားရောက်ပြီး ငွေကြေးကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Khine Hninn Wai's FB Page
Photo Credit : Khine Hninn Wai's FB Page

လိုအပ်နေတဲ့အချိန်မှာ ဝိုင်းဝန်းကူညီခဲ့ကြတဲ့ သူတွေကို ဖူးပွင့်သခင်က " ဖူး ကိုစိတ်ပူပီးမေးမြန်းနေကြသောမိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများကိုထက်မံအသိပေးစရာလေးရှိလို့ပါ ဖူး ကိုခြိမ်းခြောက်ဆဲဆိုပီးပစ္စည်းများခိုးယူသယ်ဆောင်ရာတွင်ပါဝင်သောမေမြတ်နိုး​၏သားဖြစ်သူ ငြိမ်းချမ်းအောင်(ခေါ်)သီဟကို 24.12.2021 နေပြည်တော်ပုဗ္ဗသီရိမြို့နယ်တွင်ထက်မံဖမ်းစီးရမိခဲ့ပါတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းများကတော့အကုန်လုံးပြန်လည်မရရှိသေးပဲဆက်လက်စစ်ဆေးနေဆဲပါ။

ဝိုင်းဝန်းကူညီရှာဖွေဖမ်းစီးပေးကြသောသက်ဆိုင်ရာလူကြီးများအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်…

??? ပြီးတော့ ပစ္စည်းများခိုးခံခဲ့ရချိန် ငွေကြေး အခက်အခဲဖြစ်နေတဲ့အချိန်မှာ အိမ်ထိကိုယ်တိုင်လာရောက် ငွေကြေးကူညီပေးတဲ့ မကြီးခိုင်နှင်းဝေ Khine Hnin Wai ကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်??????" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် ကျေးဇူးတင်စကားဆိုထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page
Photo Credit : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page

Source : Phoo Pwint Tha Khin (ဖူးပွင့်သခင်)'s FB Page

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T