အဆိုတော်မူးလာကတော့ သီချင်းဆိုကောင်းသလို ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့အမူအကျင့်လေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကတည်းက ပရိသတ်အားပေးမှုရရှိခဲ့ပြီးသား မူးလာဟာ အနုပညာလမ်းကြောင်းကိုလျှောက်လှမ်းနေချိန်မှာလည်း အောင်မြင်မှုကို အထိုက်အလျောက်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီဇင်ဘာလ (၂၅) ရက်နေ့ကတော့ မူးလာရဲ့မွေးနေ့လေးပဲဖြစ်ပြီး မူးလာဟာ ဒီနှစ်မွေးနေ့မှာ စိတ်အဆင်းရဲဆုံးဖြစ်ခဲ့ရတယ်လို့ လည်းပြောခဲ့ပါတယ်။


နိုင်ငံအတွက် အမှန်တရားဘက်ကနေ ရပ်တည်နိုင်ဖို့အတွက် အောင်မြင်မှုတွေ၊ တွယ်တာစရာ သံယောစဉ်ကြိုးတွေကို ဖြတ်ထားခဲ့ပြီး တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာဖြစ်ပြီး အမေကိုလွမ်းတဲ့ သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုထားတာပဲ ဖြစ်ပါတယ်။


"?အမေ့သား?
ရေး-နေလုံး
ဆို-မူးလာ
အသံသွင်းဖို့အခတ်အခဲ ဖြစ်တာမို့ live လေးပဲဆိုပြပြီး နားဆင်နိုင်ဖို့တင်ပေးလိုက်ပါတယ်
သာယာသောနေ့ရက်တွေနဲ့ ပြန်လည်ဆုံဆည်းဖို့ ဆုတောင်းရင်း
အရေးတော်ပုံအောင်ကိုအောင်ရမည်" ဆိုပြီး သီချင်းလေး တစ်ပုဒ်ကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။

တကယ်ခံစားချက်အပြည့်နဲ့ သီဆိုထားတာကြောင့် နားထောင်တဲ့သူတွေပါ မျက်ရည်ဝဲရတဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source : Saw Chris Mooler-မူးလာ's Facebook Acc