မအောင်မြင်ခင် နှင့် အောင်မြင်ပြီးနောက် ကွာခြားလာတဲ့ ဘဝပုံစံလေးကို ပြောပြလာတဲ့ Squid Game သရုပ်ဆောင် Jung Ho Yeon

//s9.kh1.co/b6/b61b1cf3bac49236a3fddf02a1f7427476583468.jpg
အနုပညာရှင်များ

 ၂၂-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

မအောင်မြင်ခင် နှင့် အောင်မြင်ပြီးနောက် ကွာခြားလာတဲ့ ဘဝပုံစံလေးကို ပြောပြလာတဲ့ Squid Game သရုပ်ဆောင် Jung Ho Yeon

Squid Game သရုပ်ဆောင် Jung Ho Yeon ဟာဆိုရင်သူမရဲ့ မအောင်မြင်ခင်နဲ့အောင်မြင်မှုရရှိပြီး ကွာခြားချက်အကြောင်းကို STARNEWS ရဲ့ အင်တာဗျူး အစီအစဉ်မှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Jung Ho Yeon ဟာ မော်ဒယ်လောကကနေ သရုပ်ဆောင်ပိုင်းဆီကို ကူးပြောင်းလာခဲ့တဲ့သူဖြစ်ပြီး သူမရဲ့ ပြောင်းလဲသွားတဲ့ ဘဝပုံစံအကြောင်းကို အခုလိုလေး ပြောလာခဲ့တာဖြစ်ပါတယ်။

Google
Google

“ပြောင်းလဲသွားတာတွေက ကျွန်မကို သိတဲ့သူတွေ အများကြီးဖြစ်လာတယ်ပေါ့နော် ..  မော်ဒယ်တစ်ယောက်အနေနဲ့ ခရီးတွေထွက်တုန်းက ကျွန်မတစ်ယောက်တည်းသွားရတာ။ ဒါရိုက်ဘာရော မန်နေဂျာရော ဘာမှ မရှိဘူး။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ခရီးထွက်တဲ့အခါကြတော့ မန်နေဂျာလည်းရှိတယ်။ ဒါရိုက်ဘာလည်းရှိတယ်။ ကိုယ်ရံတော် ဘော်ဒီဂတ်တွေတောင်ရှိတယ် .. ခရီးတိုလေး ထွက်တဲ့အချိန်မှာတောင် အရင်က ပုံစံနဲ့ အများကြီးပြောင်းလဲသွားသလို ခံစားရတယ်။ ကျွန်မက ခရီးတွေတစ်ယောက်တည်း ထွက်နေတာအကျင့်ဖြစ်နေတော့ လေဆိပ်သွားလည်း တစ်ယောက်တည်း။ လေဆိပ်ကနေ ဟိုတယ်သွားလည်းတစ်ယောက်တည်းဆိုတော့ ဒါက အကျင့်ဖြစ်နေပြီလေ။ ဘယ်သူမှလည်း ကျွန်မကိုမသိဘူး။ ဒီတစ်ခေါက်မှာတော့ လူတွေအများကြီး ကျွန်မ ကိုသိနေကြတယ်။ လေဆိပ်မှာကတည်းကပဲ .. ကျေးဇူးတင်ပါတယ်ရှင် ..

Google
Google

လူတွေအများကြီးက နှုတ်ဆက်ကြတော့ ကျွန်မလည်း အားလုံးကို အာရုံစိုက်မှုလေးပြန် ပေးရတယ်။ မော်ဒယ်ဘဝတုန်းကဆို ကျွန်မမှာ ကိုယ်ပိုင်အချိန်တွေ အများကြီးပဲ။ သရုပ်ဆောင်ဖြစ်လာတော့ ကိုယ်ပိုင်အချိန်ထက် အခြားသူတွေအတွက် အချိန်ပိုပေးလာရတယ်။ ပြီးတော့ ကျွန်မရဲ့ နိုင်ငံတကာကမော်ဒယ်အတူတူလုပ်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကလည်း ကျွန်မကိုဝိုင်းပြီး ဂုဏ်ပြုပေးကြတယ်။ ဂရုတစိုက်ရှိပေးကြပါတယ်။ ကျွန်မရဲ့ သရုပ်ဆောင်သက်တမ်းလေးက အရမ်းကိုတိုတောင်းနေသေးတာတောင်မှ ရုပ်ရှင်လေးတစ်ကားပဲရိုက်ရသေးတာတောင်မှ အခုလို ပြောင်းလဲမှုအကြီးကြီးတွေကို တွေ့ကြုံခံစားနေရပါတယ်။ ဒါကြောင့် အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။”

Google
Google

Jung Ho Yeon ရဲ့ ပြောင်းလဲသွားတဲ့ ဘဝကြီးကတော့ လုံးဝကို အားရစရာကြီးပဲနော်။ Jung Ho Yeon တစ်ယောက်လည်း ပြောင်းလဲမှုတွေကြားမှာ လိုက်လျောညီထွေဖြစ်အောင် နေနေရတယ်ဆိုတာ သေချာပါတယ်။ Jung Ho Yeon ဟာ Squid Game ထဲမှာ ရုပ်တည်နဲ့ ဘယ်တော့မှ အရယ်အပြုံးနဲတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရပေမယ့် တကယ့်အပြင်ဘဝမှာတော့ အမြဲတမ်းရယ်နေပြီး သဘောကောင်းတဲ့သူလေးဖြစ်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T