ချမ်းအေးတဲ့ တောင်ပေါ်ဒေသတွေအတွက် ဒီနှစ်ဆောင်းမှာ နွေးထွေးစေဖို့ အနွေးထည်တွေ လှူတန်း‌ပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/4d/4d7238f84afc956b95b067aa1a0193580d54d5ce.jpg
အနုပညာရှင်များ

 ၂၁-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

ကလေး အနွေးထည် အသစ် ၁၁၃၀ထည်ကို ...

ဝေဠုကျော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး လိုအပ်နေသူတွေအတွက် အမြဲဖေးမကူညီနေတာကြောင့် ပရိတ်သတ်တွေကလည်း ချစ်ခင်နေကြတာ ဖြစ်ပါတယ်။

 Photo Credit - Google
 Photo Credit - Google

အခြေခံလူတန်းစားတွေရဲ့ လိုအပ်ချက် ကွက်လပ်တွေကို အမြဲဖြည့်ဆည်းပေးနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ဒီတစ်ခါမှာလည်း ဆောင်းရာသီမှာ ချမ်းအေးလှတဲ့‌ တောင်ပေါ်ဒေသတွေဖို့ အနွေးထည်တွေ ပေးဝေလှူဒါန်းလျက်ရှိပါတယ် ။

 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc

" အလှူရှင် စက်ရုံများ ကိုယ်စား အအေးပိုလှသည့် ဒီနှစ်ဆောင်းမှာ နွေးထွေးစေဖို့ ကလေးအနွေးထည်အထူ အသစ်များကို

(1)ကချင်ပြည်နယ်၊ပူတာအိုမြို့ရှိ ရွာ များသို့ အထည် ၄၅၀ထည်

(2)ရှမ်းအရှေ့ရွာတွေ အတွက် အထည် ၄၀၀ထည်

(3)နာဂ ရွာတွေ အတွက် ၂၀၀ ထည်

(4)ချင်း မင်းတပ် ရွာ အတွက် ၈၀ ထည်

စုစုပေါင်း ကလေး အနွေးထည် အသစ် ၁၁၃၀ထည် ပို့ဆောင် ပေးပြီးပါပြီ။

 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc

လှူဒါန်းပေးသော အလှူရှင် စက်ရုံများမှာ

(1)ARAO CO..LTD

(2)LITA MYANMAR တို့ ဖြစ်ကြပါတယ်။

အလှူရှင်စက်ရုံ များအား ကျေးဇူးအထူး တင်ရှိပါတယ်။" ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာဖြစ်ပါတယ်။ ဒီလို စီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာ အခြေခံပြည်သူလူထုအတွက် ခုနှစ်ရက်သားသမီးများရဲ့အလှူကိုစုပေါင်းပြီး တစ်ထောင့်တစ်နေရာကနေ အလှူအတန်းတွေလုပ်ဆောင်နေတဲ့ ဝေဠုကျော်ရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc
 Photo Credit - Wai Lu Kyaw Foundation's FB Acc

Source- Wai Lu Kyaw Foundation's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T