မင်္ဂလာနှစ်ပတ်လည် (၁) နှစ်ပြည့်လေးမှာ ဘောလုံးဘောင်းဘီနဲ့ တောထဲရောက်နေကြတယ်ဆိုတဲ့ အောင်မြင့်မြတ်

//s9.kh1.co/a4/a419acbf2665ec6ecb69ee40267de56cd60405f7.jpg
အနုပညာရှင်များ

 ၂၀-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

မင်္ဂလာမဆောင်ခင်က စိတ်ကူးထားသလိုဖြစ်မလာဘဲ

ဥပါယ်တံမျဉ်ရုပ်ရုပ်ဇာတ်ကားထဲက သိန်းစိုးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုစတင်ရောက်ရှိခဲ့တဲ့ အောင်မြင့်မြတ်ကတေ့ာ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှု့ကိုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အောင်မြင့်မြတ်က ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲဆိုခံထားရပြီး လက်ရှိမှာလွတ်မြောက်နယ်မြေမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Aung Myint Myat's Facebook Acc
Photo Credit : Aung Myint Myat's Facebook Acc

လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အောင်မြင့်မြတ်ကတော့ သူချစ်ရတဲ့ ဇနီးလေးနဲ့ မနှစ်က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပြီး ဒီနေ့မှာတော့ မင်္ဂလာနှစ်ပတ်လည် (၁) နှစ်ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာမဆောင်ခင်က စိတ်ကူးထားသလို ဖြစ်မလာဘဲ အခုလက်ရှိနှစ်ပတ်လည်နေ့လေးမှာ အောင်မြင့်မြတ်တို့ လင်မယားနှစ်ယောက်လုံးက တောထဲရောက်နေကြတဲ့ ပုံလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လာမလဲဆိုပြီး ကြိုတင်ခန့်မှန်းလို့မရတဲ့ လောကကြီးမှာ နောင်သူတို့ ဇနီးမောင်နှံရဲ့ နှစ်နှစ်ပြည့် သုံးနှစ်ပြည့် Anniversary တွေကျရင်ရော ဘယ်လိုပုံတွေတင်ဖြစ်မလဲဆိုပြီး ရင်ခုန်နေကြပါသေးတယ်။ 

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

သူချစ်ရတဲ့ ဇနီးလေးက သူ့ကိုဘာမှမပြောတဲ့အပြင် သူ့နောက်ကို ကောက်ကောက်ပါအောင် လိုက်လာဆိုတဲ့ အကြောင်းလေးကို " 20.12.20 မှာ မင်္ဂလာဆောင်တယ်..

မညားခင်တော့ ညားပြီးရင်

ဘယ်လိုထားမယ် ညာလိုထားမယ်

ဟိုဟာ ဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ် ပေါ့..

ဒီနေ့ 20.12.21 မှာ တစ်နှစ်လဲပြည့်ရော ဘောလုံးဘောင်းဘီနဲ့ တောထဲရောက်နေကြပြီ ???

သူကလဲ ဘာမှမပြောပါဘူး

ကောက်ကောက်နောက်ကို ကောက်ကောက်ပါအောင်လိုက်လာတာပါပဲ..

မင်္ဂလာပွဲက ရိုက်ထားတဲ့ ဓာတ်ပုံတွေတောင်

စုံအောင်မတင်လိုက်ရပါဘူး

Photo Credit : Aung Myint Myat's Facebook Acc
Photo Credit : Aung Myint Myat's Facebook Acc

မကျေနပ်ချက်တွေ နာတဲ့စိတ်တွေနဲ့ ထွက်လာကြတာ

မင်္ဂလာဆောင်ပြီးတာတောင် တစ်နှစ်ပြည့်သွားပါရော...

နောက်ပိုင်း နှစ်နှစ်ပြည့် သုံးနှစ်ပြည့် အထိမ်းအမှတ်တွေကျရင်တော့ ဘယ်လိုပုံတွေတင်ဖြစ်မလဲဆိုပြီး ရင်ခုန်မိပါသေးတယ် .... " ဆ်ိုပြီး သူ့ရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအကုန်လုံးကလည်း သူတို့ဇနီးမောင်နှံ နှစ်ယောက်လုံးအတွက် ဂုဏ်ယူနေကြပြီး ဘေးကင်းဖို့ ဝိုင်းဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit : Aung Myint Myat's Facebook Acc
Photo Credit : Aung Myint Myat's Facebook Acc

Source : Aung Myint Myat's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T