ကမ္ဘာကျော် ဘရာဇီးဘောလုံးကစားသအား နေမာဟာ ဂိမ်းဆော့ရတာ နှစ်သက်သူတစ်ယောက်ဖြစ်ပြီး Twitch ပေါ်မှာ Streaming လွှင့်နေသူတစ်ယောက်ပါ ဒါပေမဲ့ခုတော့သူ့ရဲ့ Streaming Platform ကိုပြောင်းလိုက်ပါပြီ အဲ့လိုပြောင်းလိုက်ကြောင်းကိုလည်း ပြီးခဲ့တဲ့ 16 ရက်နေ့က သူ့ရဲ့ Twitter အကောင့်ကနေ ကြေညာခဲ့ပါတယ်
Galera, o pai tá on oficialmente no @FacebookGaming ! ??
— Neymar Jr (@neymarjr) December 16, 2021
Cola comigo para se divertir e já curte a minha Página lá no Facebook.
A primeira gameplay já é amanhã, 16h horário de Brasília / 20h no horário de Paris.
Bora jogar ! pic.twitter.com/1pSNrRpDLQ
Facebook Gaming နဲ့ Twitch တိုရဲ့ ပြိုင်ပွဲမှာ နေမာကတော့ Facebook ဖက်ကိုပါလာပါတယ် သူနဲ့ Facebook Gaming နဲ့အထူးစာချုပ်တစ်ခုကို ချုပ်ဆိုလိုက်တာပါ Twitch ပေါ်မှာလည်း သူ Stream ထားတဲ့ Video တွေမရှိတော့ပါဘူး Follower 88 သန်းရှိတဲ့ သူ့ရဲ့ Facebook Page ကနေပဲ Streaming လွှင့်သွားမှာဖြစ်ပါတယ် Facebook Page မှာလည်း Gaming Creator အဖြစ် ပြောင်းထားတာကို တွေ့ရမှာပါ တစ်လကိုအကြိမ်ရေတော်တော်များများ Stream မှာဖြစ်ပြီး အနည်းဆုံးတစ်လကို တခြား Gaming Creator တစ်ယောက်နဲ့ အတူတူတွဲ Stream မှာဖြစ်ပါတယ်

နေမာက “Facebook Gaming ပေါ်မှာ Stream ရမှာ အရမ်းပျော်ပါတယ် ဘောလုံးပြီးရင် Gaming ကကျွန်တော်သဘောအကျဆုံး ရည်ရွယ်ချက်တစ်ခုပါ တခြားဒီလိုရည်ရွယ်ချက်တူတဲ့သူတွေနဲ့ အတူတူပျော်ဖိုကို မစောင့်နိုင်တော့ပါဘူး”ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်

မနေ့ 17 ရက်နေ့ကတော့ နေမာဟာ တခြား Gamer တွေနဲ့အတူတူ Counter Strike ဆော့ပြခဲ့ပြီး ကြည့်ရှူသူ သန်းပေါင်းများစွာရှိခဲ့ပါတယ် နောက်ထပ် ဘယ်လိုဂိမ်းတွေကိုဆော့ပြမလဲဆိုတာတော့ မသိရသေးပါဘူး