သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ လက်ရှိအချိန်ထိကို နာမည်ကြီးနေတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်သလို လှပအချိုးကျလွန်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသူမို့ ပုရိသတွေကြားမှာ နာမည်ကြီးနေသူလေးလည်း ဖြစ်ပါတယ်။


ဆရာကောင်း သမားကောင်းတွေကို ရရှိခဲ့တဲ့ သင်ဇာက သူမကို အနုပညာလောကထဲမှာ နေရာတစ်နေရာရအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ဘဘဘိုကလေးတင့်အောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းနေတာပဲဖြစ်ပါတယ်။ ဘဘက သင်ဇာကို အနုပညာလောကထဲမှာ ဝင်းဝင်းသနပ်ခါးခဲ ကြော်ငြာနဲ့ ပထမဦးဆုံး ပွဲဦးထုတ်ခဲ့တာလည်း ဖြစ်တယ်လို့ဆိုပါတယ်။


သင်ဇာကတော့ သူမရဲ့လက်ဦးဆရာ ဘဘ ဆုံးသွားတာနဲ့ ပတ်သက်ပြီး “သင်ဇာ့ရဲ့ ပွဲဦးထွက်ဖြစ်တဲ့ ဝင်းဝင်းသနပ်ခါးခဲကြော်ငြာရဲ့ဖန်တီးသူ ဘဘ ? ဘဘရဲ့ ကျေးဇူးကြောင့် အနုပညာလောကမှာနေရာတနေရာရခဲ့တယ်ဆိုလဲမမှားပါဘူး ? ဘဘကောင်းရာမွန်ရာရောက်ပါစေ ??????” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝမ်းနည်းကြောင်း ရေးသားထားပါတယ်။


သင်ဇာဆုတောင်းပေးသလိုပဲ ဘဘဘိုကလေးတင့်အောင်လည်း ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ထပ်မံဆုတောင်းပေးလိုက်ပါတယ်။

Source: Thin Zar Wint Kyaw's Facebook Acc





