အဆိုတော် ချမ်းချမ်းကတော့ ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူဖြစ်ပြီး အချစ်သီချင်းတွေသာမကပဲ အဆွေးသီချင်းတွေကိုလည်း အကောင်းဆုံးသီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ။ ချမ်းချမ်းကတော့အခု လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။


ချမ်းချမ်းက သမီးငယ်လေးကို စောင့်ရှောက်ရင်း နိုင်ငံရပ်ခြားမှာရောက်ရှိနေပေမယ့် သူမရဲ့သမီးကြီးဖြစ်တဲ့ မြမိုးဂင်္ဂါကိုလည်း သတိရတမ်းတနေတာပဲဖြစ်ပါတယ်။ မြမိုးဂင်္ဂါကလည်း အဝေးမှာရောက်နေတဲ့ မေမေ့ကိုသတိရနေသလို ချမ်းချမ်းကလည်း လအတော်ကြာခွဲခွာနေရတဲ့ သမီးကြီးနဲ့ ခွဲခွာနေရလို့ စိတ်မကောင်းပေမယ့် ပျော်အောင်ဟန်ဆောင်နေရတာဖြစ်တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။


ချမ်းချမ်းက မြန်မာပြည်မှာကျန်ရစ်ခဲ့တဲ့ သမီးကြီးမြမိုးဂင်္ဂါနဲ့ဖုန်းပြောရင်း သားအမိနှစ်ယောက် မျက်ရည်ကျရတဲ့အကြောင်းကို “သားအမိနှစ်ယောက်ဖုန်းပြောရင်း သတိရလို့ ငိုကြ.. သမီးလေးရေ အမေရင်တွေပူလိုက်တာ.. သတိရတဲ့စိတ်က နေ့တိုင်း ဟန်ဆောင်ပျော်အောင်ဖုံးပေမယ့် အဆင်မပြေဘူး။ အမြန်ဆုံးဆုံပါရစေ” ဆိုပြီး သမီးကြီး မြမိုးဂင်္ဂါနဲ့ဖုန်းပြောရင်း သတိရလွန်းလို့ ငိုမိတဲ့အကြောင်းကို သူမရဲ့လူမှုကွန်ယပ်ထပ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။


Source: Chan Chan's Fb story





