ကိုယ်တိုင်ကြုံတွေ့ဖူးတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ကိုယ်ချင်းစာတယ်ဆိုတဲ့ ပြည်သူ့ရဲဘော် လူရွှင်တော်တိုင်းကျော်

//s9.kh1.co/60/60ac7248d73a6ff2dfa3dae4690126ecb327f36e.jpg
အနုပညာရှင်များ

 ၁၈-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

ဆောင် မပါ အခင်းဗလာနဲ့ မြေကြီးပေါ်မှာ အိပ်ရတဲ့အခက်ခဲကို သိလို့ .....

နိုင်ငံကျော် ဟားငါးကောင် လူရွှင်တော်အဖွဲ့ကတော့ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ပြည်သူတွေထဲက ပြည်သူဖြစ်တဲ့ ဟားငါးကောင်အဖွဲ့က တောထဲတောင်ထဲမှာနေထိုင်ရင်း ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်လည်ရောက်ရှိဖို့ တက်နိုင်တဲ့ဘက်ကနေ ပါဝင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

Photo Credit: TaingKyaw's Fb Acc
Photo Credit: TaingKyaw's Fb Acc
Photo Credit: TaingKyaw's Fb Acc
Photo Credit: TaingKyaw's Fb Acc

တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရပေမယ့်လည်း သူတို့အဖွဲ့က လုံးဝစိတ်ဓာတ်မကျတဲ့အပြင် ပြည်သူတွေ အားတက်စေဖို့အတွက်ပါ အမြဲတမ်း တိုက်တွန်းနှိုးဆော်ပေးနေကြတာလည်း ဖြစ်ပါတယ်။ အခုလက်တလောမှာလဲ တိုက်ပွဲတစ်ချို့ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ များပြားလာတာပဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ အခက်အခဲတွေကို တိုင်းကျော်က ကိုယ်တိုင်ကြုံတွေ့ဖူးတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ကိုယ်ချင်းစာတယ်ဆိုတဲ့ အကြောင်းကို ရေးသားပြောပြထားတာပါ..။

Photo Credit: TaingKyaw's Fb Acc
Photo Credit: TaingKyaw's Fb Acc
Photo Credit: TaingKyaw's Fb Acc
Photo Credit: TaingKyaw's Fb Acc

"ဆောင် မပါ အခင်းဗလာနဲ့ မြေကြီးပေါ်မှာ အိပ်ရတဲ့

အခက်ခဲကို သိလို့ ၊ ကိုယ်ချင်းစာတယ်

ထမင်း တရက် လုံး မစားရတဲ့ ၊ ဆာလောင်မှုကို

ခံစားဖူးလို့ ကိုယ်ချင်းစာတယ်

လက်နက်ကြီးတွေ နဲ့ အဆက်မပြတ်

ပစ်ခတ်နေတဲ့ ကြား မှာ ၊ အသက်လုပြေးဖူးလို့

ကိုယ်ချင်းစာတယ် ၊ ကူနိုင်သူတွေ လှုနိုင်သူတွေကြောင့်

ညီကိုမောင်နှမတွေ ၊နွေးထွေးစွာ ကျော်ဖြတ်နိုင်ပါစေဗျာ

တိုင်းကျော် ( ဟား၅ကောင် )" ဆိုပြီး တိုင်းကျော်က ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit:  TaingKyaw's Fb Acc
Photo Credit: TaingKyaw's Fb Acc

ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိပြီး တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပါဝင်နေတဲ့ တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့သားတွေကိုလည်း ပြည်သူတွေက အားပေးစကားတွေ ပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit: TaingKyaw's Fb Acc
Photo Credit: TaingKyaw's Fb Acc

Source :  TaingKyaw's Fb Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T