ဒီကနေ့ဟာ ပြည်သူချစ် နာမည်ကျော် စာရေးဆရာမ ခင်ခင်ထူးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်

//s9.kh1.co/40/40b09b171a1a5116001357a3a9c55f6400fa023e.jpg
အနုပညာရှင်များ

 ၁၇-ဒီ-၂၀၂၁ ၁၂am · လွန်ခဲ့သော ၄ နှစ် က

မအိမ်ကံ လို့လူသိများကြတဲ့ ဂန္တဝင်မြောက်ဝတ္ထုရဲ့ ပဲ့ကိုင်ရှင် စာရေးဆရာမ ခင်ခင်ထူးဟာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

စာဖတ်ပရိတ်သတ်တွေအကြား စာအရေးအသားကောင်းမွန်မှု ၊ မြန်မာ့ရိုးရာဓလေ့များအား လေးစားစွာဖော်ပြတတ်မှု တွေကြောင့် အင်မတန်လူသိများ​ကျော်ကြားထင်ရှားဆဲဖြစ်တဲ့ စာရေးဆရာမ တစ်ဦးဆိုရင်တော့ စာရေးဆရာမ ခင်ခင်ထူး ကိုပဲ ဖော်ပြရမှာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သူမဟာ ဝတ္ထုပေါင်းများစွာကိုရေးသားခဲ့သည့်အနက် " မအိမ်ကံ ၊ ပန်းကြာဝတ်မှုန် ၊ တောမင်းသမီး ၊ ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် " အစရှိတဲ့ ဝတ္ထုတွေကတော့ အခုချိန်ထိတိုင်အောင် ပရိတ်သတ်များအကြားရေပန်းစားနေဆဲဖြစ်ပြီး တယုတယဖတ်ရတဲ့အထိ အရေးအသားကောင်းမွန်လွန်းတဲ့စာအုပ်များပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

စာရေးဆရာမ ခင်ခင်ထူး ဟာ ယနေ့မှာတော့ အသက်(၅၆) နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီကနေ့ကျရောက်လာတဲ့ (၅၆) နှစ်ပြည့်မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ ဆရာမ ခင်ခင်ထူးတစ်ယောက် စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အနုပညာများဆက်လက်ဖန်တီးထုတ်ပြနိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T