ညှို့အားပြင်း မင်းသမီး ဟန်ဆိုဟီးနဲ့ လတ်တလော ရေပန်းစားနေတဲ့ Happiness မင်းသား ပတ်ဟွန်းဆစ်တို့ ရုပ်ရှင်တွဲရိုက်တော့မည်

//s9.kh1.co/b7/b7cfc98b955844e3cd59f505a718efc4f518c80b.jpg
အနုပညာရှင်များ

 ၁၆-ဒီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

The world of the married မှာ ဗီလိန်နေရာက သရုပ်ဆောင်ပြီး ပရိသတ်ကို ညှို့အားပြင်းပြင်းနဲ့ ဆွဲခေါ်ခဲ့တဲ့ မင်းသမီးလေးကတော့ ဟန်ဆိုဟီးဖြစ်ပါတယ်။ သူမဟာ Nevertheless မှာ ပိုနာမည်ကြီးလာခဲ့ပြီး နောက်ဆုံး ဒရာမာ My Home မှာတော့ လုံးဝကွဲထွက်နေတဲ့ ဇာတ်ရုပ်နဲ့ အောင်မြင်နေဆဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/57/57b2f1183393978afe3985d96c92f88a2925d8de.jpg
https://s9.kh1.co/__image/w=650,h=366,q=100/76/7624a5f571844b29401129483ea3f39fa914bc8c.jpg

သူမ ဆက်လက်ရိုက်ကူးသွားမယ့် ဇာတ်လမ်းတွဲမှာ မင်းသား ပတ်ဟွန်းဆစ်နဲ့ တွဲဖက် သရုပ်ဆောင်မှာပါ။ လတ်တလော နာမည်ကြီးနေတဲ့ Happiness ဇာတ်လမ်းတွဲထဲက မင်းသား ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a0/a0ae7980ef9becc389c7031c8b1da32287ffaa4a.jpg

အခု ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဟာ Soundtrack #1 လို့ အမည်ရပြီး တစ်အိမ်တည်း အတူနေဖြစ်ရင်း ငြိသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်း ဖြစ်ပါတယ်။ မင်းသားကို အေးတိအေးစက် ဓာတ်ပုံဆရာအနေနဲ့ မြင်ရမှာဖြစ်ပြီး နာဘီမလေး ဟန်ဆိုဟီးကတော့ ပျော်ပျော်နေတတ်တဲ့ တေးရေးဆရာမလေးအဖြစ် သရုပ်ဆောင်မှာပါ။ ဒါရိုက်တာက နာမည်ကြီး Vincenzo ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့သူပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc354c640a84535d979f4d07311774f88c2323e3.png

နောက်နှစ်ဆန်းမှာ စတင်ရိုက်ကူးသွားမယ့် Soundtrack #1 ဒရာမာ ဖြစ်ပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T