Dota 2 ကိုဂိမ်းလက်ကိုင်ခလုတ်တွေနဲ့ ကစားနိုင်တော့မယ်

//s9.kh1.co/ab/ab8c901a68e266d85cea688d231f79bc1cab57ae.webp
E-Sports

 ၁၆-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

Dota 2 ကို PC ပေါ်မှာ ဘာသုံးပြီးဆော့ကြလဲဆိုရင်တော့ အားလုံးရဲ့အဖြေဟာ Mouse နဲ့ Keyboard ဖြစ်မှာပါ ဒါပေမဲ့ခုတော့ Mouse, Keyboard နဲ့ဆော့တဲ့သူရယ် Controller လက်ကိုင်ခလုတ်နဲ့ ဆော့သူရယ်လို့ နှစ်မျိုးခွဲလို့ရပါတော့မယ် ရှုပ်ထွေးလှတဲ့ ဒီဂိမ်းကို ခုဆိုရင် လက်ကိုင်ဂိမ်းခလုတ်တွေနဲ့ပဲ ကစားလို့ရနေပြီလို့ ဂိမ်း Developer Valve ကကြေညာခဲ့ပါတယ် သူတို့ရဲ့ကြေညာချက်ကို အောက်ပါ Link မှာ ဝင်ရောက်ဖတ်ရှူလို့ရပါတယ်

https://www.dota2.com/home

Valve ဟာစာတစ်မျက်နှာစာရှိတဲ့ ထုတ်ပြန်ချက်တစ်ခုထဲမှာ လက်ရှိလက်ကိုင်ဂိမ်းခလုတ်နဲ့ကစားတာကို စမ်းသပ်တဲ့အဆင့်အနေနဲ့ ထုတ်လုပ်ပေးထားပြီး ကစားသူတွေအနေနဲ့ Review ပြန်ပေးဖို့ တိုက်တွန်းထားပါတယ် လက်ရှိ Steam input ရတဲ့ ဘယ်လက်ကိုင်ခလုပ်နဲ့မဆို Dota 2 ဂိမ်းကို ကစားနိုင်တာကြောင့် Xbox လက်ကိုင်ခလုတ်,PS လက်ကိုင်ခလုတ်, Nintendo switch pro လက်ကိုင်ခလုတ်တို့နဲ့ ကစားလို့ရနေပါပြီ ခလုတ်နဲ့ဆော့ချင်ရင် ကစားသူဟာ Setting ထဲက Controller Support ကို ဝင်ဖွင့်ပေးရမှာပါ Steam app ပေါ်မှာလည်း လက်ကိုင်ခလုတ်တွေ input ဖြစ်ရဲ့လား ပြန်စစ်ဆေးရပါမယ် 

screenshot from FAQs
screenshot from FAQs

Dota 2 ကို ခလုတ်နဲ့ဆော့ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲမယ်ထင်ပါတယ် လက်ကိုင်ခလုတ်ရဲ့ Control ပိုင်းက တခြားဂိမ်းတွေနဲ့ သိပ်ကွာမှာမဟုတ်ပါဘူး ဘယ်ဖက် Joystick နဲ့ ကိုယ့် Hero ကိုရွေ့လျားလို့ရပြီး ညာဖက် Joystick နဲ့က မြေပုံကိုလိုက်ကြည့်ရမှာပါ ညာဖက်က Joystick ကိုနှိပ်ချလိုက်ရင်တော့ ကိုယ့် Hero ရှိရာကို ပြန်ရောက်သွားမှာဖြစ်တာကြောင့် အဆင်ပြေတယ် ပြောနိုင်ပါတယ် input တွေကို ဘယ်လိုထားထားလဲဆိုတာ အောက်ကပုံမှာ လေ့လာနိုင်ပါတယ် ဒါတွေကို Setting ပြန်ချိန်လို့ရနိုင်မလားတော့ မသိရသေးပါဘူး 

Credit:Valve
Credit:Valve

FAQs က Hero တိုင်းကို ဆော့လို့ရမယ်လို့ ကြေညာ‌ထားပါတယ် ပြီးတော့ ခလုတ်နဲ့ဆော့နေရင်းတန်းလန်း အဆင်မပြေရင်လည်း Mouse နဲ့ Keyboard ကို တန်းပြောင်းလိုက်လို့ရပါတယ် 

ဒါကြောင့်မလို့ Keyboard သမားနဲ့ လက်ကိုင်ခလုတ်သမား cross-play ကြတယ်လို့ ပြောလို့ရနိုင်ပါတယ် ဒါပေမဲ့ စစဆော့ချင်းမှာတော့ တော်တော်လေး တိုင်ပတ်မှာပါ တကယ်လို့ လက်ကိုင်ခလုပ်နဲ့ ဆော့ရတာအဆင်ပြေတယ် လူကြိုက်ကြတယ်ဆိုရင်တော့ တခြားခလုတ်တွေနဲ့ပါ ဆော့လာနိုင်ဖို့ မျှော်လင့်ရပါတယ် ဒါပေမဲ့အဲ့ဒါတွေမဖြစ်သေးခင် ကစားသူတွေရဲ့ Review တွေ တုံ့ပြန်မူတွေကို ပြန်လေ့လာရပါဦးမယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T