MRTV - 4 မင်းသားချောလေး ကောင်းမြတ်စံ ကတော့ အနုပညာနယ်ပယ်တစ်ခုမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကောင်းမြတ်စံဟာ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေကိုတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ အမြဲတမ်းလည်း လွတ်လပ်ပေါ့ပါးစွာနေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန့်ညားမှုတွေကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေကလည်း အားပေးဝန်းရံနေတာ ဖြစ်ပါတယ်။


သူ့ရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက် အမြဲမျှဝေ လေ့ရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၄) ရက် ယမန်နေ့ကပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ ကောင်းမြတ်စံဟာ မွေးနေ့နံ မွေးလထပ်တဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ ပျော်ရွှင်စရာ မွေးနေ့လေးကို ကျရောက်ခဲ့တဲ့ ကောင်းမြတ်စံကိုလည်း ချစ်တဲ့သူတွေက မွေးနေ့ဆုတောင်းစကားတွေနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပို့သပေးကြတာ တွေ့ရပါတယ်။


ယင်းနောက်မှာတော့ ကောင်းမြတ်စံ ဟာ မွေးနေ့လေးမှာ ဆုတောင်းပေးကြသူများ၊ လက်ဆောင်တွေပေးကြသူများ နှင့် မွေးနေ့ကိတ်တွေပို့ပေးကြသော တစ်စုံတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောလာခဲ့ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီမလေးတွေ သဘောကျသွားစေမယ့် အလန်းစားပုံလေးတွေကိုလည်း တစ်ပါးတည်း ဖော်ပြပေးထားတာ တွေ့ရပါတယ် ။ ပရိသတ်တွေကလည်း ပျော်ရွှင်စရာမွေးနေ့လေးကို ကျရောက်ခဲ့ပြီဖြစ်တဲ့ ကောင်းမြတ်စံအတွက်လည်း မွေးနေ့ဆုတောင်းစကားတွေ ပို့သပေးလိုက်ပါဦးနော် ။

သတင်း အရင်းအမြစ်៖ Source - Kaung Myat San





