Console ပေါ်မှာ နာမည်ကြီးဂိမ်းဖြစ်တဲ့ Fantasy Life ဆိုတဲ့ဂိမ်းဟာ အခုတော့ မိုဘိုင်းဖုန်းတွေပေါ်ကို ရောက်ရှိလာပြီဖြစ်ပါတယ် ဂျပန်ဂိမ်းကုမ္ပဏီ LEVEL-5 က ပြီးခဲ့တဲ့ အပတ်ကမှ မိုဘိုင်းအတွက် ထုတ်ပေးခဲ့တာပါ ကာရိုက်တာပုံစံပေါင်း 12 ခုနဲ့ မတူညီတဲ့ဘဝတစ်ခုကို ခံစားရရင်း တစ်ယောက်တည်းဖြစ်စေ သူငယ်ချင်းတွေနဲ့ဖြစ်စေ ဆော့ကစားနိုင်ပါတယ် စွန့်စားခန်းထွက်တာဖြစ်စေ ရွာတစ်ခုတည်ထောင်တာဖြစ်စေ လုပ်နိုင်ပါတယ် ဂိမ်းဆော့တဲ့ပုံနှစ်ခုကြားမှာ ကိုယ်ကြိုက်သလို ပြောင်းလဲဆော့ကစားနိုင်ပါတယ်

တိုက်ပွဲဝင်တာရယ် ပစ္စည်းတွေလိုက်စုတာရယ် ပစ္စည်းတွေထုတ်လုပ်တာရယ် သုံးခုနဲ့ တခြား ပုံစံ 12 ခုရွေးချယ်နိုင်ပါတယ် လျှောက်သွားပြီးလိုက်သတ်နေရတာကို ပျင်းလာပြီဆိုရင်တောင် တခြားလုပ်စရာတွေ အများကြီးရှိပါတယ် ရန်သူတွေကိုလိုက်သတ်ရင်း စွန့်စားခန်းဖွင့်မလား ဒါမှမဟုတ် လုပ်ငန်းတစ်ခုစတင်မလားဆိုတာ ရွေးချယ်နိုင်ပါတယ် စွန့်စားခန်းဖွင့်တာရော ပစ္စည်းတွေလိုက်စုတာရော ရွာကိုတည်ဆောက်တာရောမှာ သူငယ်ချင်း ၄ ယောက်အထိ အတူတူကစားနိုင်ပါတယ်

မတူညီတဲ့ ကစားပုံတစ်ခုဆီမှာ မတူညီတဲ့ ဆုတွေပါဝင်ပါတယ် ရွာတည်ဆောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ရွာကိုကြီးအောင်လုပ် သူငယ်ချင်းတွေကိုဖိတ်ရင်း ယှဉ်ပြိုင်နိုင်ပါတယ် ပစ္စည်းတွေလိုက်စု ဟင်းတွေချက် အလုပ်ရုံထဲမှာ ပစ္စည်းတွေထုတ်လုပ်ပြီး ကိုယ့်ဇာတ်ကောင်ကို အဆင့်မြှင့်ရမှာပါ တစ်ကမ္ဘာလုံးက မိစ္ဆာတွေ အဖျက်စွမ်းအားကြီးတဲ့ နဂါးတွေနဲ့ မြေပုံကြီးပေါ်မှာ လျှောက်သွားရင်း ပေးထားတဲ့ တာဝန်တွေအတိုင်း ရန်သူတွေကို လိုက်စိန်ခေါ်ရမှာပါ ဘုရားသခင်ရဲ့ တမန်တော်အဖြစ် စွန့်စားခန်းထုတ်ရမှာဖြစ်ပါတယ်

Console မှာရှိပြီးသားဂိမ်း Fantasy Life ရဲ့ အဆက် Fantasy Life Online အဖြစ် ထွက်တာကြောင့် Cross-play တော့မရနိုင်ပါဘူး အရောင်စိုစိုနဲ့ ရုပ်ထွက် များပြားတဲ့ ဇာတ်ကောင်ပုံစံတွေနဲ့ ရွေးချယ်မူတွေ အများကြီးရှိတာကြောင့် ဂိမ်းပုံစံတစ်ခုကို ပျင်းသွားရင်တောင် နောက်တစ်ခုကို တန်းပြောင်းဆော့လို့ရမှာကြောင့် ကစားရတာ ပျော်စရာကောင်းမဲ့ ဂိမ်းတစ်ခုဖြစ်စေမှာပါ





