အသက်ငယ်ငယ်ရွယ်ရွယ် နဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ သူကတော့ မင်းသမီးချောလေး စိုးပြည့်သဇင် ပဲဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမက စိတ်သဘောထားလေးပြည့်ဝသူမို့ ပရိသတ်တွေရဲ့ချစ်မေတ္တာကိုလည်းပိုင်ဆိုင်ထားတဲ့ သူလေးပဲဖြစ်ပါတယ်။


လက်ရှိမှာတော့ သူမက အနုပညာအလုပ်တွေအကုန်လုံးကို ရပ်နားထားပြီး အိမ်မှာပဲ မိသားစုနဲ့ အတူ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်က မကြာခဏဆိုသလို သူမရဲ့ လှုပ်ရှားမှု ချစ်စရာ ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးပါတယ်။ အခုတစ်ခါမှာလည်း စိုးပြည့်သဇင် က သူမငယ်ငယ်က ပုံရိပ်လေးတစ်ပုံ ကို ပရိသတ်တွေကို ချပြလိုက်တာပဲ ဖြစ်ပါတယ်။


ငယ်ရုပ်လေးမပျောက်သေးကြောင်းကို ငယ်ငယ်က ပုံလေးနဲ့အတူ "၁၅နှစ်မပြည့်သေးတဲ့အရွယ်လေး…." ဆိုတဲ့ စာသားလေးနဲ့ ရေးသားထားတာပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ လက်ရှိမှာတော့ အသက် (၂၈) နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် အရွယ်နဲ့မလိုက်အောင်ကို နုဖက်ပြီး ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။



Source: Soe Pyae Thazin's Facebook Page