ဒီဇင်ဘာရောက်လို့ နှစ်ကုန်ခါနီးပြီဆိုတာနဲ့ အဖွဲ့အစည်းအမျိုးမျိုးဟာ မှတ်တမ်းအမျိုးမျိုးကို တစ်နှစ်စာအတွက် ကောက်ယူစုဆောင်းကြပြီး စာရင်းဇယားတွေကို ထုတ်ပြတတ်ကြပါတယ် Application တွေကို ခွဲခြမ်းစိတ်ဖြာရေးနဲ့ ဈေးကွက်စောင့်ကြည့်ရေး ဦးဆောင်နေတဲ့ Sensor Tower ဟာ ၂၀၂၁ ခုနှစ်မှာ လူတွေ မိုဘိုင်း Application တွေအတွက် ပိုက်ဆံ ဘယ်လောက်သုံးလဲဆိုတာကို ထုတ်ပြန်ခဲ့ပါတယ် ဒီနှစ်အတွက် မိုဘိုင်း Application တွေအပေါ်မှာ သုံးစွဲခဲ့ကြတဲ့ ပမာဏကတော့ ကန်ဒေါ်လာ ၈၉.၆ သန်းအထိ ရှိခဲ့ပါတယ်
Sensor Tower ရဲ့ ထုတ်ပြန်ချက်မှာ မိုဘိုင်း Application တွေ အကုန်လုံးကို ပြောထားတာဖြစ်ပေမဲ့ ဒုတိယတစ်ဝက်ရောက်မှာတော့ ဂိမ်းတွေအကြောင်းကိုပဲ အာရုံစိုက် ပြောခဲ့ပါတယ် မိုဘိုင်းဂိမ်းအတွက် ငွေကြေးသုံးစွဲမူဟာ မနှစ်ကထက် ၁၂.၆ % တက်လာပေမဲ့ အလုံးစုံရှယ်ယာတွေကတော့ ကျဆင်းနေဆဲပါ ၂၀၁၉ ခုနှစ်မှာ မိုဘိုင်း Application တွေအတွက် သုံးစွဲမူရဲ့ ၇၄.၁ % ဟာ ဂိမ်းတွေအတွက် ဖြစ်ခဲ့ပါတယ်

၂၀၂၀ မှာတော့ ၂% လောက် ထပ်ကျပြီး ၇၁.၇ % ဖြစ်ခဲ့ပါတယ် Sensor Tower က ရှယ်ယာတွေဟာ ဒီနှစ်မှာတော့ ၂၀၁၉ ထပ် ၆.၇ % လောက်ကျသွားနိုင်တယ်လို့ ခန့်မှန်းထားတာပါ လက်ရှိဖြစ်နေတဲ့ Covid-19 ကြောင့် ဂိမ်းပိုင်းမဟုတ်တဲ့ ဖျော်ဖြေရေးပိုင်း Application တွေ ကြီးထွားလာမူကြောင့် မိုဘိုင်းဂိမ်း ဈေးကွက်ရှယ်ယာ ကျလာတာကို သိနိုင်ပါတယ် ဒါပေမဲ့ IOS မှာ ၆၁.၅% သုံးစွဲမူ Google Play မှာ ၇၈% သုံးစွဲမူနဲ့အတူ မိုဘိုင်းဂိမ်းဈေးကွက်အတွက် သုံးစွဲမူဟာ ထိပ်ဆုံးမှာပဲ ရှိနေပါသေးတယ်

ဘယ်ဂိမ်းတွေက ဘယ်လိုနေရာတွေမှာ ရှိနေလဲဆို PUBG Mobile က ထိပ်ဆုံးမှာ ရှိနေပြီး Honor of Kings က ဒုတိယနေရာမှာ ရှိပါတယ် ဒါပေမဲ့ App Store မှာသွားကြည့်ရင်တော့ အဲ့နှစ်ခုက နေရာတွေလဲနေမှာပါ Google Play Store မှာဆိုရင် Coin Master က ထိပ်ဆုံးမှာရှိနေပြီး Garena Free Fire က ဒုတိယလိုက်ပါတယ် Gashin Impact ကတော့ App Store မှာရော Play Store မှာရော ကြေးအဆင့် ရရှိထားပါတယ် ၂၀၂၀ မှာ မိုဘိုင်းဂိမ်းဈေးကွက်ကို အရှိန်မြှင့်ထားပေမဲ့ ၂၀၂၁ မှာ ဂိမ်းစီးပွားရေး စနစ်က တစ်နည်းနည်းနဲ့ ကျဆင်းနေပါသေးတယ် Covid-19 ကြောင့်လည်း ပါမယ်ထင်ပါတယ် ဒါပေမဲ့ တချို့နာမည်ကြီးနေတဲ့ ဂိမ်းတွေက လက်ရှိ Develop လုပ်နေတုန်းကြောင့်လည်း ဖြစ်နိုင်ပါတယ် Sensor Tower က မိုဘိုင်း Application တွေကို ဆက်လက်စောင့်ကြည့်နေပြီး လာမဲ့ ဇန်နဝါရီမှာ ၂၀၂၁ ရဲ့ အကောင်းဆုံးဂိမ်းတွေ Application တွေ ဖြန့်ဝေသူတွေအကြောင်းကို ဆက်ထုတ်လွှင့်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်





