Interviewer ထဲမှာ အရမ်းသဘောကောင်းတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဘုန်းမင်းနေလ

//s9.kh1.co/39/39b6e1fd9a459f02ec71149c1ad8a65e2d73c0a7.jpg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

အရင်နှစ်မွေးနေ့တွေဆို interview မယ်ဆိုပြီးထိပ်ဆုံးကအိမ်ကိုပြေးလာတဲ့ငါ့အမ ......

ဘုန်းမင်းနေလ ကတော့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးကြီး ခင်ဇာခြည် ကျော်ရဲ့သားတစ်ယောက်ဖြစ်ပြီး စမတ်ကျတဲ့ ရုပ်ရည် ကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားသူပါ။ ၂၀၁၈ ခုနှစ်တုန်းက အကယ်ဒမီဆု ပေးပွဲ မှာတော့ ဘုန်းမင်းနေလက ရွှေကြို အဖြစ် ပါဝင် ပေးခဲ့ပါတယ် ။ရွှေကြို ပါဝင်ပြီးနောက်ပိုင်းမှာတေ့ာ TV ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေ ကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူလည်း ဖြစ်ပါတယ်။

Photo Credit : Phonemin Nay La's Facebook Acc
Photo Credit : Phonemin Nay La's Facebook Acc
Photo Credit : Phonemin Nay La's Facebook Acc
Photo Credit : Phonemin Nay La's Facebook Acc

ဘုန်းမင်းနေလက ဒီဇင်ဘာလ (၅)ရက်နေ့ မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှာသတင်းယူရင်း ကားနဲ့တိုက်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ထဲမှာ အစ်မရင်းတစ်ယောက်လို ချစ်ခင်ရင်းနှီးရတဲ့သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအတွက် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit : Phonemin Nay La's Facebook Acc
Photo Credit : Phonemin Nay La's Facebook Acc

ဘုန်းမင်းနေလက " Interviewer ထဲမှာ အရမ်းသဘောကောင်းတဲ့ငါအမ စိတ်မကောင်းလိုက်တာ

အခုတော့ဆုတောင်ပေးရုံကလွဲလို့ဘာမှမတတ်နိုင်ဘူး

အရင်နှစ်မွေးနေ့တွေဆို interview မယ်ဆိုပြီးထိပ်ဆုံးကအိမ်ကိုပြေးလာတဲ့ငါ့အမ မနက်ဖြန်ဆိုသားမွေးနေ့ရောက်ပြီ ဒီနှစ်မွေးနေ့ကြီးကရင်ကွဲစရာကြီးပါလားဗျာ ?

My prayers are with you ma Gracy ?? " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

MPA ရဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို အမှတ် (၂) စစ်ဆေးရုံ၌ ဆေးကုသမှုခံယူခွင့်ပြုထားပေမယ့်လည်း လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

Source : Phonemin Nay La's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T